Saturday 18 April 2009


ငြိမ်းချမ်းမှုများကိုငံ့လင့်ရင်း၊

နှစ်သစ်ဦးအခါသမယနှင့်ထပ်တူ

မေတ္တာပန်းများကို ရင်ဝယ်ပိုက်နိုင်ကြစေကုန်သော်ဝ်။

Sunday 12 April 2009


သစ္စာမခမ်း ပိတောက်ပန်းတို့ စေညွှန်ရာ

နှစ်ဦးကြိုစ တန်ခူးလတွင်
မဟာပိတောက် သစ္စာထောက်ထား ပွင့်လို့သာမြဲ
မွှေးပျံ့ ရနံ့ ၀န်းကျင်ဆန့်လျက် ပွင့်ထူးတင့်စဲ
ရွှေဝါရောင်ဝင်း တောက်ပလင်းခြုံ မြင်ရပုံထူး
စိတ်ကြည်နူးသွား သူ(ပိတောက်)ပြုစား၏။

သစ္စာမပျက်သော ပိတောက် ဖူးပွင့်ဝေချိန်
ကြည်လင်စိတ်များ စတိုးပွားလာ
လှုပ်ရှားစိတ်များ တည်ငြိမ်သွားကာ
ပွင့်လန်းစိတ်ထား သစ္စာပျက်မသွားဖို့
လှုံ့ဆော်သတိပွါး သူ(ပိတောက်)စေထားသလား။

ပွင့်လန်းစိတ်ထား သစ္စာမြဲကြဖို့
လှုံ့ဆော်သတိပွါး သူ(ပိတောက်)စေထားသလား။

အေးမြဇင်(၁၂၊၀၄၊၂၀၀၉)

Sunday 5 April 2009

မွေးနေ့အသက်

လောကအလယ် ၀ံ့ဝါထည်အောင်
သဏ္ဍာန်လှုပ်ရှား ကြိမ်ခါတိုင်းစဉ်၊
တွေးတောရွေ့မျော နာမ်စိတ်စောစဉ်၊
ပညာသတိ ဥာဏ်ကြည်လင်းဆောင်
သတိဥာဏ်ဦး ပြုမူထူးတို့
ခွဲခြမ်းစိတ်ဖြာ မှတ်လို့သာမြဲ
ကျင့်ကြံဓလေ့ ပျော်မွေ့လေမှ
ရှင်သန်အသက် အဓိပ္ပါယ်ရှိလျက်
တရက်နေခိုက် အကျိုးဆိုက်ခါ
မွေးနေ့တရက် အကျိုးမြတ်လှ
လူ့ဘ၀တွင် ဂုဏ်ရောင်လွင်တောက် စိုတောက်ပေ့စေ။
လူ့ဘ၀တွင် ဂုဏ်ရောင်လွင်တောက် စိုတောက်ပေအံ့။ ။

AMZ
(၅၊၀၄၊၂၀၀၉)


ညီမလေးမွေးနေ့ အမှတ်တရအဖြစ် မွေးနေ့လက်ဆောင်။