၁၉၈၈ ပုံရိပ်
၂၀၀၇ ပုံရိပ်
ကမ္ဘာမကြေဘူး
၈၈၈၈ သွေး မခမ်းခြောက်သေး
မျိုးဆက်သစ်အားမာန် သွေးကြွေးဆပ်ရန်
ခွပ်ဒေါင်းအောင်လံ လွှင့်ထူချီဆဲ
ရဲသွေးနီစေ ကမ္ဘာမကြေ။
(အေးမြဇင်)(၇၊၀၈၊၂၀၀၉)
Friday 7 August 2009
Posted by Zin+Aye's peaceful square at 09:18 0 comments
သွေးညီကြစို့
ကျောင်းသား၊ပြည်သူ လက်တွဲညီလို့
ဘုန်းကြီး၊စစ်သား ညီညွတ်အားဖြင့်
အာဏာရှင်အား တွန်းလှန်တိုက်ထုတ်
၈၈၈၈ ရဲ့ သွေး မခမ်းခြောက်သေးလျှင်
သမိုင်းကြွေးဆပ်ရန် တော်လှန်လမ်းစဉ်
မျိုးဆက်အသစ် ပခုံးဆက်လက်ကမ်း
ချီတက်လမ်းထွင် အောင်ပွဲမြင်ဖို့၊
ချီတက်လမ်းဆုံး အောင်လံလွှင့်ဖို့
စုစည်းညီစို့ ကိုယ့်လူအပေါင်းတို့။
စုစည်းညီကြ ပြည်ပအဖွဲ့အစည်းအပေါင်းတို့။
ကိုယ်ကျိုးဖယ်ရှား ပြည်ပအတိုက်အခံ (နာမ်မည်ခံ)များတို့။
အေးမြဇင်(၇၊၈၊၂၀၀၉)
Posted by Zin+Aye's peaceful square at 07:12 0 comments
Subscribe to:
Posts (Atom)