Sunday 26 April 2015

ဒီနေ့ အဖေ့တူ၊တူမတွေဖြစ်တဲ့ (ဦးထွေးရဲ့ သားသမီးတွေ) စည်သူထွန်း နဲ့ တုန်တုန် တို့ကို ရန်ကုန်မြို့တဝိုက် ထင်ရှားတဲ့နေရာတွေကို အိမ်က ကားနဲ့ လိုက်ပို့ခဲ့ပါတယ်။ ကျွန်တော်က ကားမောင်းပြီး ညီမလေးထူး လည်းအတူပါခဲ့ပါတယ်။ သွားခဲ့တဲ့နေရာတွေကတော့ ရွှေတိဂုံဘုရား၊ ပြည်သူ့ရင်ပြင်၊ ဗိုလ်ချုပ်ပြတိုက်၊ တိရစ္ဆာန်ဥယျာဉ်၊ ကမ္ဘာအေးဘုရား တို့ပဲ ဖြစ်ပါတယ်။

ပြည်သူ့ရင်ပြင်မှာ ရေလွှာလျှောစီးကားကို စီးခဲ့ကြပါတယ်။ တစ်ယောက်ကို ၁၀၀၀ ကျပ်ဖြစ်ပါတယ်။ ပြီးတော့ ၅ဒီ ရုပ်ရှင်ကားလည်းကြည့်ခဲ့ပါတယ်။ ဇာတ်ကားနာမည်က "လူရိုင်းများနဲ့တွေ့ဆုံခြင်း" ပါ။ တစ်ယောက် ၁၀၀၀ ကျပ်ပါပဲ။ သူတို့နှစ်ယောက်လုံး တစ်ခါမှ မကြုံဘူးတဲ့ အတွေ့အကြုံတွေမို့ တော်တော်ပျော်ကြပါတယ်။

နောက်ပိုင်း အချိန်ရလို့ အခြေအနေပေးရင်တော့ နောက်ထပ်ထင်ရှားတဲ့နေရာတွေကို လိုက်ပို့ပေးချင်ပါရဲ့ဗျာ။

ကိုဖြိုး။
ညနေ ၆ နာရီ ၄၄ မိနစ်
၂၆၊၄၊၂၀၁၅။