Friday, 16 October 2009


ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံထားရစဉ် ကွယ်လွန်ခဲ့သူ သက်ဝင်းအောင် (အသက် ၃၅ နှစ်) (၁၉၇၁၊သြဂုတ်၂၆-၂၀၀၆၊အောက်တိုဘာ ၁၆)၂၀၀၆ခုနှစ် အောက်တိုဘာလ ၁၆ရက် မန္တလေးထောင်တွင် ကျဆုံးကွယ်လွန်ခဲ့သည်။



ကျောင်းသားစိတ်၊ခွပ်ဒေါင်းသွေးနဲ့အတူ ရှင်သန်သွားခဲ့သူ ရဲဘော်(သက်ဝင်းအောင်)အား ဦးညွတ်အလေးနီပြုခြင်း

ကျောင်းသားအခွင့်အရေးမှ စတင်
တိုင်းပြည်ကောင်းရေး စနစ်ပြောင်းတိုက်ပွဲ အားသွန်နွှဲစဉ်
နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းထောင်စံမြန်း ထောင်ကျနေလဲ
သင့်ရဲ့ စိတ်ဓာတ် နှစ်ရှည်ထောင်မကျ
ထောင်တွင်းတိုက်ပွဲ အကြိမ်ကြိမ်နွှဲရင်း
နှိပ်စက်ခံရ အညှင်းပမ်းခံဒဏ်ကြောင့်
ခန္ဓာကိုယ်ချည့်နဲ့ ဝေဒနာသက်လည်း
တိုက်ပွဲခရီး မငြီးမငြူ တောင့်တင်းထူရင်း
ထောင်ဝင်စာအတွင်း တိုင်းရေးပြည်အကြောင်း
သတင်းပေါင်းအစုံ မေးမြန်းသည်ကအစုံ
ထောင်တွင်း အခက်အခဲ အဖုံဖုံကို
ဖွင့်ထုတ်ပြောရန် သင်ကမေ့လို့ထား
မ၀၊တ၀ အချိန်တိုအတွင်း
မိဘနှစ်ပါးနဲ့ မိတ်ဆွေအပေါင်းအား
စနစ်ကောင်းပေါ်ထွန်းဖို့အရေး အားတင်းထားကြရန်
သင့်ရဲ့ အမှာတမ်း ကျွန်ူပ်တို့ မမေ့နိုင်စွမ်းပြီမို့
အစဉ်သတိရ ဦးညွှတ်လျက်သာထာဝစဉ်။

ကျောင်းသားရဲ့ စိတ် ဖြူစင်လို့ဖွေး
ခွပ်ဒေါင်းရဲ့ စိတ် ရဲရင့်တည်ကြည်
ိထိုအဆင်းသဏ္ဍာန် သင့် တွင်ထင်ဟပ်
မွန်မြတ်လမ်းစဉ် သင်ကိုယ်တိုင်ကျင့်
အသက်ကို မငဲ့ သင်ပေးဆပ်ခဲ့ပြီမို့
အသင် ကျောင်းသားရဲဘော် ကောင်းရာသုဂတိသို့လားစေသော်ဝ်။

အေးမြဇင်(၁၆၊၁၀၊၂၀၀၉)

Saturday, 3 October 2009

တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်တိုက်ပွဲဝင်ခြင်းကို ၀ိုင်းဝန်းပံ့ပိုးကာ၊ ပူးပေါင်းပါဝင်ကြပါစို့။

မေတ္တာစွမ်းအင်တို့ဖြင့် ထုံမွှမ်းလျက်ရှိသည့် ဗုဒ္ဓ၏ ဓမ္မစက်ကို သွေးတို့ဖြင့်စွန်းထင်းပေကြံစေအောင် စစ်အာဏာရှင်စနစ်ဆိုးတခုက ပြုလုပ်နေလျက်ရှိခဲ့ပုံ၊ ရှိနေပုံကို ကျွန်ူပ်တို့အားလုံး မျက်ဝါးထင်ထင် တွေ့မြင်ခံစားနေကြရပြီး ဖြစ်ပေသည်။

ရင်တွင်းစိတ်အာရုံတွင် စစ်အာဏာရှင်စနစ်ဆိုး၊ စနစ်ယုတ် ကြောင့် သွေးမြေကြနေရမှုများ နှင့် တရားမှုဥပဒေများ လုံးဝစိတ်သုဉ်းကာ မတရားနှိပ်စက် အနိုင်ကျင့်ခံနေရမှုများကို ၀ိုင်းဝန်းတိုက်ထုတ်သွားကြမည်ဟု ရည်ရွယ်ချက် ပြင်းပြစွာဖြင့် ကျွန်ူပ်တို့အားလုံး လက်တွဲညီညာစွာလုပ်ဆောင်ကြကာ၊ သံဃာတော်အရှင်သူမြတ်တို့မှ စစ်အာဏာရှင်လူတစုနှင့် အာဏာရှင်စနစ်ကို အဓိကအထောက်အကူပြုနေသည့် လူများကို အရေးယူဆောင်ရွက်မည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်တိုက်ပွဲဝင်ရန် ထုတ်ပြန်ကြေငြာထားသည့် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ကို ကျွန်ူပ်တို့အနေဖြင့် အပြည့်အ၀အားပေးထောက်ခံကာ စစ်အာဏာရှင်စနစ်ဆိုးနှင့် အာဏာရှင်အနွယ်အပွါးတို့ကို လုံးဝပပျောက်ကင်းစင်သည်အထိ ပူးပေါင်းပါဝင်လုပ်ဆောင်သွားကြပါမည်ဟု သန္နိဌါန်ပြုလိုက်ပါသည်။

သာသနာ့အာဇာနည်အပေါင်းနှင့် ပြည်သူ့အာဇာနည်အပေါင်းအား နှလုံးသည်းပွတ်ထဲမှနေ၍ ဦးညွတ်အလေးပြုရင်း။

Friday, 7 August 2009


၁၉၈၈ ပုံရိပ်




၂၀၀၇ ပုံရိပ်


ကမ္ဘာမကြေဘူး



၈၈၈၈ သွေး မခမ်းခြောက်သေး


မျိုးဆက်သစ်အားမာန် သွေးကြွေးဆပ်ရန်


ခွပ်ဒေါင်းအောင်လံ လွှင့်ထူချီဆဲ


ရဲသွေးနီစေ ကမ္ဘာမကြေ။



(အေးမြဇင်)(၇၊၀၈၊၂၀၀၉)

သွေးညီကြစို့



ကျောင်းသား၊ပြည်သူ လက်တွဲညီလို့

ဘုန်းကြီး၊စစ်သား ညီညွတ်အားဖြင့်

အာဏာရှင်အား တွန်းလှန်တိုက်ထုတ်

၈၈၈၈ ရဲ့ သွေး မခမ်းခြောက်သေးလျှင်

သမိုင်းကြွေးဆပ်ရန် တော်လှန်လမ်းစဉ်

မျိုးဆက်အသစ် ပခုံးဆက်လက်ကမ်း

ချီတက်လမ်းထွင် အောင်ပွဲမြင်ဖို့၊

ချီတက်လမ်းဆုံး အောင်လံလွှင့်ဖို့

စုစည်းညီစို့ ကိုယ့်လူအပေါင်းတို့။
စုစည်းညီကြ ပြည်ပအဖွဲ့အစည်းအပေါင်းတို့။
ကိုယ်ကျိုးဖယ်ရှား ပြည်ပအတိုက်အခံ (နာမ်မည်ခံ)များတို့။



အေးမြဇင်(၇၊၈၊၂၀၀၉)

Sunday, 19 July 2009

တမ်းတပါသည်၊ မမေ့နိုင်သည့် အာဇာနည်


အလွမ်းမျက်ရည် တွေ တဖြိုင်ဖြိုင် သွန်ချ
အဖိုးမဖြတ်နိုင်တဲ့ အာဇာနည်တွေ ဇီဝိန်ကြွေကျ ၊
ထိုနေ့ အခါသမယ ရောက်လေတိုင်း
အဘယ်သို့လေ မေ့နိုင် စွမ်းပေဘူး ၊
အာဇာနည် ဗိုလ်အောင်ဆန်း နှင့် အဖွဲ့ ကို ရည်စူးကာဖြင့်
တို့မြန်မာ ပြည်သူ ပြည်သားတွေက
တောင်းဆုတွေ နဲ့ ကောင်းမှုတွေ ထုံမွှမ်းကာ၊
အာဇာနည်ဂုဏ်ပုဒ် တွေကို ရေရွတ်လို့သာ တမ်းတရင်း ။ ။

အာဇာနည်ခေါင်းဆောင်ကြီးတွေ ကောင်းရာသုဂတိ လားကြပါစေ

အေးမြဇင်(၁၈၊၀၇၊၂၀၀၇)

Tuesday, 7 July 2009

၁၉၆၂ ခု ဇူလိုင်လ ၇ ရက်၊၈ ရက် အား တွေးမြင်ခံစားခြင်း

တက္ကသီလာ ပညာသင်ကြား
ငါတို့နောင်ဘွား ကျောင်းသူ၊ ကျောင်းသား
တက္ကသိုလ်အခွင့်အရေး(အိပ်ဆောင်အခွင့်အရေး) ပျောင်းပြင်ပေးရန်
ငြိမ်းချမ်းအသွင် ဖေါ်ဆောင်လှုပ်ရှား
တောင်းဆိုစုရုံး ညီညွတ်ကြပုံ
၁၉၆၂ ဇူလိုင်လ ပထမပါတ် လှုပ်ရှားမှု
ဖြစ်ပျက်အသွင်
တွေးကြည့်မြင်ကြည့် မြင်ကြည့်ကြစို့။

မိမိတို့အရေးတခုအတွက် မဟုတ်ပေမို့
တက္ကသိုလ်သမဂ္ဂ အားမာန်ထက်လျှံစွာဖြင့်
ကျောင်းသားတို့သွေး အသက်စတေးရန် ၀န်မလေး
စစ်အဏာရှင်စနစ်ဆိုးကို အမြစ် မပျိုးမိလေအောင်
မီးမောင်းထိုးညွှန်ပြ ဦးဆောင်ကာ တောင်းဆိုတိုက်ပွဲ
ရန်ကုန်တက္ကသိုလ်သမဂ္ဂ အဆောက်ဦးထဲ
တက္ကသိုလ်ကျောင်းဝင်းထဲမှ လှုပ်ရှားခဲ့ပုံ
၁၉၆၂ ဇူလိုင် ပထမပါတ်
ဖြစ်ပျက်အသွင်
တွေးကြည့်မြင်ကြည့် မြင်ကြည့်ကြစို့။

ကျောင်းခန်းအထက် သင်ပုန်းနက်လဲ သွေးတွေပေကျံထင်ကျန်ရစ်လျက်
ကျောင်းနံရံထက် အင်္ဂထေပြင် သေနတ်ကျည်ရာ ထင်ကျန်ရစ်ပြီး
တက္ကသိုလ် ကျောင်းဝင်းတခွင် ယမ်းနံ့ မွှန်စွဲ
စင်္ကြံလမ်းထက် လဲကျခန္ဓာ သွေးပွက်အိုင်ထွန်း
ကံ့ကော်တန်းလမ်း သွေးကွက်လွှမ်းခဲ့
၁၉၆၂ ဇူလိုင် ၇ ရက်
ဖြစ်ပျက်အသွင်
တွေးကြည့်မြင်ကြည့် ခံစားကြည့်စို့။

ဗြိတိသျှ၏ တက္ကသိုလ်အက်ဥပဒေကို
အမျိုးသားရေးတရပ် တာဝန်ဖြင့်ဖီဆန်
ကိုလိုနီတိုက်ပွဲ၊ နယ်ချဲ့ ဖက်ဆစ်ရန် တွန်းလှန်တိုက်ပွဲ တွေထဲစီးဝင်
ကျောင်းသားထု ညီညွတ်ရေး ပင်မရေစီးချောင်း မြစ်မကြီးတဖြစ်လဲ
တက္ကသိုလ်သမဂ္ဂ အဆောက်အအုံကြီးကို ဖေါက်ခွဲဖျက်ဆီးခံရတဲ့နေ့
၁၉၆၂ ဇူလိုင် ၈ရက် နံနက်ဦးပိုင်းချိန်
ဖြစ်ပျက်အသွင်
တွေးကြည့်မြင်ကြည့် ခံစားကြည့်စို့။

အေးမြဇင်(၇၊၇၊၂၀၀၉)

Tuesday, 16 June 2009

မြင့်မြတ်ဆန္ဒ ထုတ်ဖေါ်ပြကြ



အောင်ဆန်းသမီး
ရောင်ရမ်းပြီး ဒီမိုကရေစီတိုက်ပွဲခရီးထဲ ရောက်လာတာမဟုတ်

အောင်းဆန်းသွေးတစက်မလျော့
အာဏာရှင်ကိုရင်ဆိုင် တော်လှန်
တိုက်ပွဲတိုင်း တချက်မပျော့စွာဖြင့် ဦးဆောင်ပြ

အာဇာနည်အမျိုးသမီးကောင်း
ဒေါ်အောင်ဆန်းစုကြည်
ရာဇ၀င်ထဲတွင်မည့် မြင့်မြတ်သော လုပ်ရပ်တွေပေါင်းစုအစုံ လုပ်ဆောင်လျက်

ဒေါ်အောင်ဆန်းစုကြည်
တိုင်းမြန်ပြည်အကျိုးပြုလုပ်ငန်း
လွတ်လပ်စွာ လုပ်ဆောင်နိုင်စွမ်းရစေဟု ဆန္ဒတွေပြုကြစို့။



AMZ(16.05.2009)

Monday, 25 May 2009


မြန်မာနိုင်ငံ မျိုးဆက်သစ်အတွက် သစ္စာဓိဌါန်



တိုင်းပြည်ကိုမပစ် ပြည်သူ၊ပြည်သားကိုချစ်


ပြည်ရွာလွတ်လမ်း အစွမ်းရှိသမျှထမ်း


စွမ်းဆောင်လို့လှမ်း ကြိုးပမ်းလုပ်မည်


ခက်ခဲကြမ်းပစေ လုပ်ဆောင်မည်(မလေ)ဟု


သန္နိဌါန်ပြု ပြုပါလေ၏ ပြုပါ၏။



နွံနစ်ပြည်သူ ဆွဲကူထူမ


ပြုသည့်အကြံ သစ္စာမှန်က


နှောက်ယှက်ရန်မူ ယုတ်မာသူတို့


တူသည့်အကျိုးကံ ကြည့်မှန်အလား


ရောင်ပြန်သွားစေ တွေ့ရပါစေ


သစ္စာကိုပြု ပြုပါလေ၏ ပြုပါ၏။



နွံနစ်ပြည်သူ ဆွဲကူ၊ထူမ


ပြုသည့်အကြံ သစ္စာမှန်က


မသွေဖီလှမ်း လျှောက်လှမ်းနိုင်ရ


ပြည်သူလွတ်လမ်း ပန်းတိုင် လမ်းတိုင်


ရောက်ရှိရစေ ရောက်ရမည်(မလေ)ဟု


သစ္စာကိုပြု ပြုပါလေ၏ ပြုပါ၏။ ။



အေးမြဇင်(၂၄၊၀၅၊၂၀၀၉)





Monday, 18 May 2009

အောင်ပွဲထိတိုင်အောင်


ရယ်ပြုံးပြရတဲ့ နှုတ်ခမ်းတွေ


ထူအမ်းလို့သာ ကွဲအပ်လာ


တုန့်ပြန်မှုက နတ္ထိဗလာ



လက်ခြင်းယှက်ကာ ဆွဲလက်လှုပ်ရမ်း


မညောင်းညာစတမ်း ဆုပ်ကိုင်


လက်ဖဝါး၊လက်ဖျံတွေသာ ပြုတ်ပြတ်မတတ်


တုန့်ပြန်လက်တွေက အားအင်မဲ့စွာ



ရင်ခြင်းအပ်ကာ ချဉ်ခြင်းတက်စွာပွေ့ဖက်


မနာကျင်စတမ်း ထိကပ်ထား


ရင်ဘတ်တပြင်လုံး နီမြန်းကာသာပွန်းပဲ့


တုန့်ပြန်ချက်တွေက ဆန့်ကျင်ဘက်ဖီလာ



သစ္စာအားတွေလဲ ထုထည်မမျှ ပြုပါရဲ့


မေတ္တာပွါးကာလဲ အဆမတန် ပြုပါရဲ့


ကိုယ်စိတ်နှလုံး ကြည်လင်အောင် အမြဲထာဝရ အသုံးပြုပါရဲ့



သို့ထက်ထိတိုင် ....


ကိုယ့်ဘက်က မစောင်းမယိုင်



တပါးသူက ချေဖျက်သည့်တိုင်


အောင်ပွဲဆီသို့ ဆက်လှမ်းမည် မယိမ်းမယိုင်။ ။



အေးမြဇင်(၉၊၀၅၊၂၀၀၉)



Saturday, 18 April 2009


ငြိမ်းချမ်းမှုများကိုငံ့လင့်ရင်း၊

နှစ်သစ်ဦးအခါသမယနှင့်ထပ်တူ

မေတ္တာပန်းများကို ရင်ဝယ်ပိုက်နိုင်ကြစေကုန်သော်ဝ်။

Sunday, 12 April 2009


သစ္စာမခမ်း ပိတောက်ပန်းတို့ စေညွှန်ရာ

နှစ်ဦးကြိုစ တန်ခူးလတွင်
မဟာပိတောက် သစ္စာထောက်ထား ပွင့်လို့သာမြဲ
မွှေးပျံ့ ရနံ့ ၀န်းကျင်ဆန့်လျက် ပွင့်ထူးတင့်စဲ
ရွှေဝါရောင်ဝင်း တောက်ပလင်းခြုံ မြင်ရပုံထူး
စိတ်ကြည်နူးသွား သူ(ပိတောက်)ပြုစား၏။

သစ္စာမပျက်သော ပိတောက် ဖူးပွင့်ဝေချိန်
ကြည်လင်စိတ်များ စတိုးပွားလာ
လှုပ်ရှားစိတ်များ တည်ငြိမ်သွားကာ
ပွင့်လန်းစိတ်ထား သစ္စာပျက်မသွားဖို့
လှုံ့ဆော်သတိပွါး သူ(ပိတောက်)စေထားသလား။

ပွင့်လန်းစိတ်ထား သစ္စာမြဲကြဖို့
လှုံ့ဆော်သတိပွါး သူ(ပိတောက်)စေထားသလား။

အေးမြဇင်(၁၂၊၀၄၊၂၀၀၉)

Sunday, 5 April 2009

မွေးနေ့အသက်

လောကအလယ် ၀ံ့ဝါထည်အောင်
သဏ္ဍာန်လှုပ်ရှား ကြိမ်ခါတိုင်းစဉ်၊
တွေးတောရွေ့မျော နာမ်စိတ်စောစဉ်၊
ပညာသတိ ဥာဏ်ကြည်လင်းဆောင်
သတိဥာဏ်ဦး ပြုမူထူးတို့
ခွဲခြမ်းစိတ်ဖြာ မှတ်လို့သာမြဲ
ကျင့်ကြံဓလေ့ ပျော်မွေ့လေမှ
ရှင်သန်အသက် အဓိပ္ပါယ်ရှိလျက်
တရက်နေခိုက် အကျိုးဆိုက်ခါ
မွေးနေ့တရက် အကျိုးမြတ်လှ
လူ့ဘ၀တွင် ဂုဏ်ရောင်လွင်တောက် စိုတောက်ပေ့စေ။
လူ့ဘ၀တွင် ဂုဏ်ရောင်လွင်တောက် စိုတောက်ပေအံ့။ ။

AMZ
(၅၊၀၄၊၂၀၀၉)


ညီမလေးမွေးနေ့ အမှတ်တရအဖြစ် မွေးနေ့လက်ဆောင်။


Friday, 13 March 2009

စုစည်းအားဖြင့် တိုက်ပွဲဝင်


လာခဲ့ရာလမ်း ပြန်လို့သာ တွေးဆင်ခြင်
ငါတို့ဟာ ဒဏ်ရာဗလဗွတွေနှင့် ထုံမွန်း
လူ့ဘီလူးတွေရဲ့ အကြမ်းဖက်အုပ်စိုးမှုအောက်မှာလေ၊
သွေးစွန်းကာ အသက်တွေပျောက်ကြရ
မိသားစု အသိုက်အမြုံတွေ ပြိုလို့ပျက်ကြရ
ပညာရေး မျှော်လင့်ချက်လမ်းစတွေ ပျောက်ဆုံးကြရ
အတုံးအရုံးနဲ့ ဆုံးရှုံးမှုတွေအောက်မှာလေ။


စဉ်းလဲသူတို့ရဲ့ အုပ်စိုးအနိုင်ကျင့်မှုတွေတလျောက်
ဝပ်ပြားလို့ မနေချင်ကြသူများရယ်မို့
ဇွတ်တိုးလို့ကာ အကြောက်တရားဖယ်ရှား
ဖေါက်ပြားသူ အ၀န်းအ၀ိုင်းကို တော်လှန်ခဲ့ ရာဇ၀င်တွင်
ဖေါက်ပြားသူ အ၀န်းအ၀ိုင်းကို တော်လှန်ခဲ့ ထာဝစဉ်။


အဖိအနှိပ်ခံ ခါးစည်းဒဏ်ပိနေ ပြည်သူအပေါင်းအတွက်
ကောင်းချီးမင်္ဂလာအချိန်ကို ရောက်ဖို့ရန်လေ၊
လွတ်လပ်ဖို့အတွက် လွတ်မြောက်ဖို့ကို ကြံဆ
ထိုထိုစိတ်ကူး ဆန္ဒများကို ဖော်ဆောင်
ပြည်သူအပေါင်းရဲ့ ဆင်းရဲမှု ဒုက္ခပေါင်းများစွာနှင့်
ထပ်တူကာ ငါတို့ခံစားရင်း
ဒေါင်းအနွယ်တို့ရဲ့ လာရာလမ်းကို
မေ့လျော့ကာ မသွားမိစေဖို့ ထားကြအစဉ်။


ဒေါင်းအနွယ်တို့ရဲ့ ခွန်အားအပေါင်းဖြင့်
အမှန်အစစ် အင်အားစုစည်းလို့ကာ
အကြံအသစ် အစဉ်အတွေးများ ပေါင်းစုအားဖြင့်
မတရားပြုကျင့်သူအပေါင်းကို မောင်းထုတ်ရန်
ဝိုင်းဝန်းကာ မနှေးအမြန် တိုက်ထုတ်ကြ(ပါစို့)။ ။


အေးမြဇင်(၃၊၂၀၀၁)

Saturday, 10 January 2009

ပြာသိုလပြည့် အမေများနေ့အား ဂုဏ်ပြုခြင်းအနေဖြင့် အမေ့အတွက်ရေးဖွဲ့ ခဲ့သည့်ကဗျာအား ပြန်လည်ဖေါ်ပြရင်း ........
အဝေးတနေရာရောက်ရှိနေသော သူတယောက်အနေဖြင့် အမေ့ကျေးဇူးအပေါင်းအား မရေမတွက်နိုင်ခြင်းမြောက်များစွာဖြင့် .....
တပါးသူအပေါ်နှင့် အများသူငှါတို့အပေါ်ကိုယ်ချင်းစိတ်ဓါတ်များကို ထားရှိစေနိုင်ရန် သွန်သင်ဆုံးမပေးလျက်ရှိသော အမေအပေါင်းအား ဂါရ၀တရား ရင်တွင်းပွါးလျက် ...........


ဂုဏ်ပြုအပ်စေ အမေ့မေတ္တာတွေ


အမေ…

ကိုယ်လေးလက်ဝင်ရှိစ

ရင်သွေးရယ်လို့ ရုပ်လုံးပင်

ဝမ်းကြာတိုက်တွင် ဘယ်အရာမထင်သေး

အထိုကာလကအစပြု ကိုးလချိန်တာလွန်သည့်တိုင်

အနေ အစားကို ဂရုပြုလို့ရယ်ရှောင်

အချိန်တိုင်းဟာဖြင့် ရင်သွေးအတွက်အသက်ရှင်

အတိုင်းအထက်အလွန်

မေတ္တာနက်ရှိုင်းလှပါဘိ အေ မ ။ ။


အမေ…

ဝမ်းလွယ်လွန် ရွှေကြာဗိုက်မှသွန်

ရင်သွေးငယ် နီတာရဲစွတ်စိုအား

ဘယ်မလဲကွယ် ညင်သာစွာထိစမ်းလို့ရယ်

လှိုက်လှဲစွာ လူ့လောကထဲသို့ ကြို

ရင်ခွင်ကြားဝယ် ပိုက်ထွေးကာဖြင့်၊

မီးနေသည် သုဿန်မျက်စောင်းထိုး

အထိုစကားချိုးကို ကျော်ဖြတ်ခါဖြင့်၊

ရှုံ့နမ်းကာ အကြိမ်မရေတွက်နိုင်ဘု

အတိုင်းအထက်အလွန်

မေတ္တာနက်ရှိုင်းလှပါဘိ အေ မ။ ။


အမေ….

ပခုံးရယ် လက်နှစ်သစ်

လူ့လောကအလယ် လှမ်းဝင်စ

ငိုသံနှောကာ တစာစာဂျီကျလို့ရယ်

နို့ချိုလွေးဖို့ တောင်းဆိုသူအား

အရှက်တရား မေ့ပြစ်ထားလျက်

ရင်သားမြတ်အား ဖွင့်လှပ်ထားစေ

အားအင်ဖြစ်ကြောင်း နို့ရည်တိုက်ကျွေး

ရွှင်လန်းစေ မေ့ရင်သွေးငယ်လေးကိုဖြင့်

အတိုင်းအထက်အလွန်

မေတ္တာနက်ရှိုင်းလှပါဘိ အေ မ ။ ။


အမေ…..

စကားရယ် ဖေါင်ဖွဲ့ကာပြောဆို

လူသားအလယ် ရပ်တည်ဆံ့ချိန်

လောကပါလ တရားတွေသွန်သင်

နှုတ် မကြမ်းတမ်းစေ၊

စိတ်ယုတ်မာ မထားရှိစေ၊

ကိုယ်ချင်းရယ်စာ ဂရုဏာဓါတ်ရှိစေ၊

အချိန်ရယ်မလပ် သင်လို့ကာမြွတ်တြား

ထားအပ်စေကြောင်း မြင့်မြတ်စိတ်များဖြင့်

အတိုင်းအထက်အလွန်

မေတ္တာနက်ရှိုင်းလှပါဘိ အေ မ။ ။

အမေ…

အမေ့အသွင်

ဇရာတွေထင်း

ဆံကေသာ ငွေအဆင်းရောင်၊

ပါးရေတွေ လှိုင်းကြက်ခွပ်သဏ္ဌာန်၊

အရေပြားလွှာ ရေစီးညင်သာဟန်၊

စကားပြောသံ တိုးရှလေးခွင်းဖြတ်သည့်ကဲ့၊

ရုပ်သဏ္ဌာန်ဟန် ပြောင်းလဲလာလည်း

အမေ့ နာမ်စိတ်အစဉ်

ယခင်အတိုင်း မပြောင်းမထိုင်း

ရင်ဖြစ်ပေါက်ဖွါး ရင်သွေးသားတွေအား

ဆုံးမ မပျက် သွန်သင်လျက်ပင်

ရှိအပ်စေကြောင်း ရင့်ကျက်စိတ်ထားကောင်းဖြင့်

အတိုင်းအထက်အလွန်

မေတ္တာနက်ရှိုင်းလှပါဘိ အေ မ။ ။


အမေ…

နက်ရှိုင်းလှပါဘိ

အမေ့၏ မေတ္တာစွမ်းအင်အား

သားသမီးတွေဆီ ဆက်၍ဆက်၍တိုးပွါး

အဖိုးအနဂ္ဂရယ် နှိုင်းယှဉ်ကာ မဆိုကြွားဝံ့

အမေ့ သားသမီးတွေ ထားရှိစိတ်ဘ၀င်ဖြင့်

ဦးထိပ်မည် လက်အုပ်မိုး ရွှေကြာဖူးငုံသဏ္ဌာန်

ဆည်းကပ်ကာ ဦးတော် ညွှတ်တွားလို့ရယ်

အမေ့ စရိုက်သဏ္ဌာန်၊ စိတ်ဝိဥာဉ်အစီအမံ

သား၊သမီးတို့ လက်ဆင့်ကမ်းသယ်ကာဖြင့်

အမေ့မေတ္တာကျေးဇူးတွေအား ဂုဏ်ပြုပူဇော်အပ်ပါ၏ အေ မ။ ။ ။

အေးမြဇင်(၇၊၁၂၊၂၀၀၇)

မွေးမိခင် အမေ ဒေါ်ခင်အေးရီ အား ဤကဗျာလေးဖြင့်ပူဇော်အပ်ရင်း၊ ဖွားမေ လူထုဒေါ်အမာ နှင့် ဒေါ်မေ ဒေါ်အောင်ဆန်းစုကြည် တို့ကဲ့သို့ စူးရှရဲရင့်သောမေတ္တာတို့ဖြင့် ပေးဝေမျှလျက်ရှိသည့် မိခင်အပေါင်းအား ရည်စူးဂုဏ်ပြုလိုက်ပါ၏။

Friday, 26 December 2008

၆၇ နှစ်မြောက် ဘီအိုင်အေ နေ့ တို့မမေ့ကြပြီ

၁၉၄၁ ခုနစ် ဒီဇင်ဘာလ ၂၆ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ရဲဘော်သုံးကျိပ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် စတင်ဖွဲ့စည်းကာ သွေးသစ္စာကျိမ်ဆိုခဲ့သည့် (၆၇)နှစ်မြောက် နှစ်ပတ်လည်နေ့အား လုံးဝမမေ့လျော့ကြခြင်းများစွာဖြင့် အမှတ်ရ ဂုဏ်ပြုဦးညွှတ်ပါ၏။
လေးစားတန်ဖိုးထားခြင်းများနှင့်အတူ ဦးညွတ်လို့ကာ၊ အသက်နှင့်ဘ၀တို့ကို အလုံးစုံပေးဆပ်ကြမည်ဟူသည့် မွန်မြတ်သော ခေါင်းဆောင်ကောင်း(ဗိုလ်ချုပ် အောင်ဆန်း)စိတ်ဓါတ်ကို အတုယူစိတ်ဖြင့်၊ စစ်အာဏာရှင် စနစ်ဆိုးအောက်မှ အမြန်ဆုံးလွတ်မြောက်ဖို့ရန် စည်းလုံးညီညာမှုတို့ ဦးစီးဦးရွက်လို့ကာဖြင့် တက်ညီလက်ညီဝိုင်းဝန်းလုပ်ဆောင်ပါဝင်ကြပါစို့။

Wednesday, 24 December 2008

သွေးမြတ်ပေးဆပ် တို့ပြည်ရွာလှစေ


ငါ(င)တို့ ကောင်းမှုတွေနဲ့

ပြည်ရွာအနှံ့ ဖြူကြည်သန့်ရန်၊

သွေးသန့်ကောင်းမွန် ပေးဝေလှူမျှ

အသက်တွေဆက် ကူညီကြအံ့။


မွန်မြတ်သော သွေးစက်တွေပေါင်းစု

အားအင်သစ်စေ ရုန်းကြွအားပြု

သွေးသားအသက် ပေး၍ဆပ်အံ့။


သွေးညစ်ယုတ်ညံ့ ဖယ်စွန့်ဖောက်သွန်

မကူးစက်စေ ကာကွယ်ပေအံ့။


(အေးမြဇင်)၁၀၊၄၊၂၀၀၈

Friday, 8 August 2008

ဒေါင်းဝိဥာဉ် တို့ ၏ဆန္ဒမွန်


ကျုပ်တို့ စာသင်ကျောင်းသား လက်ဖယောင်းမှာ

ဒေါင်းအလံ နှင့် ကလောင်တ

သခင်ကိုယ်တော်မှိုင်း နှင့် ဗိုလ်ချုပ်အောင်ဆန်း တို့ရဲ့ပုံကားချပ်

ကြွေးကြော်တောင်းဆိုတဲ့ စက္ကူချပ်တွေဆုပ်ကိုင်

တကယ်စက်ဆုပ်တဲ့ စနစ်ယုတ်ကို ဖယ်လို့ထုတ်တဲ့

သြဂုတ်လ ရဲ့ နေ့ရက်များ

သင်တို့ ရင်ထဲ မှတ်မိကောင်းရဲ့ ကောင်းပါရဲ့ ။

အားလုံးသော ပြည်သူတို့ အတွက် တောင်းဆိုတဲ့

ကျုပ်တို့ကျောင်းသူ ကျောင်းသားတို့က

တချောင်းဆို မပိုင်ထား တဲ့ သေစေသောလက်နက်


ခန္ဓာကိုယ်ထက် မပါရှိ ပေမဲ့

တဦးချင်းစီရဲ့ မှန်ကန်တဲ့ စိတ်ဓါတ်က

ခွပ်ဒေါင်း အားမာန်နဲ့ စနစ်ဆိုးပြောင်းရန်သာ

ရင်ထဲစွဲအပ်၍ ယုံကြည်ကာ ချီတက်ခဲ့ပုံ

သြဂုတ်လ ရဲ့ နေ့ရက်များ

သင်တို့ ရင်ထဲ မှတ်မိကောင်းရဲ့ ကောင်းပါရဲ့ ။

ပြည်သူလေးစားတဲ့ စစ်တပ်ကို မျက်နှာမဲသုတ်

အာဏာရှင် အလိုကျ ခုတုံးလုပ် အသုံးပြု

ကျုပ်တို့ ကျောင်းသား ပြည်သူကို

ရက်စက်စွာ ပစ်သတ် သုတ်သင်တဲ့

အဓမ္မပြုကျင့်ပုံ မြင်ကွင်းသဏ္ဌာန် အကွက်


သြဂုတ်လ ရဲ့ နေ့ရက်များ

သင်တို့ ရင်တွင်းပုံရိပ် ထင်နေကောင်းရဲ့ ထင်ပါရဲ့ ။


ကျုပ်တို့ရဲ့ အသက်ဇီဝိန်တွေက

ရုပ်ခန္နာ မှ ဆုတ်ခွာခဲ့ရပေမဲ့

ဝိဥာဉ်ဆန္ဒ တွေက

အမျိုးကိုမြင့်စေချင်လှသမို့ ….

အမှန်တရား ထွန်းကားချင်လှသမို့ ….

လွတ်လပ်သော ပညာရေး ပေါ်ထွန်းချင်လှသမို့ ....

မပြီးဆုံးသေးတဲ့ တိုက်ပွဲလမ်းကြောင်းတလျှောက်

အစဉ်လျှောက်လှမ်း လျက်ရှိကြောင်း

သင်တို့တွေအား သတင်းပါးရဲ့ ပါးပါရဲ့ ။


ကျုပ်တို့ရဲ့ ကိုယ်ခန္ဓာတွေ

ခြင်းခြင်းနီလှ သွေးအိုင်ကျလဲ

ပေးဆပ်ခဲ့ရ ပေးခဲ့ရငြား

(ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး မရသေးသ၍)

တောင်းတ ဆန္ဒများ မရသေးသ၍

ကျုပ်တို့ရဲ့ ၀ိဥာဉ်

ခွပ်ဒေါင်း အသွင်စိတ်နဲ့ ဆက်လက်ရှင်သန်နေကြောင်း

သင်တို့တွေအား သတင်းပါးရဲ့ ပါးပါရဲ့ ။

ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး အလုံးစုံ ပုံပေါ် တဲ့တနေ့


ကျုပ်တို့ရဲ့ ရုပ်သဏ္ဌာန် ကဒေါင်း အသွင်ရုပ်နဲ့

ဒီမြေ ဒီရေ အရပ်မှာ အလှဒေါင်း အဆင်အကဖြင့်

ကျုပ်တို့ ချစ်သော ပြည်သူအပေါင်းအား

မြူးကြွတဲ့ ဒေါင်းအက အဆင်အပြင်ဖြင့် ဖျော်ဖြေ၍

သွားလိုတဲ့ အထက်ဘုံ ထိုစခန်းဆီသို့

ကျုပ်တို့တတွေ ဆက်ခါ မြန်းလိုပါ၏ မြန်းလို၏ ။ ။


အေးမြဇင် (၈၊၈၊၂၀၀၂)

မတရားသော အုပ်ချုပ်ရေးစနစ်ဆိုးအား ရဲရင့်မွန်မြတ်သောစိတ်ဓါတ်ဖြင့် တပ်ဦးမှနေ၍အသက်စွန့်သွားသော ကျောင်းသူ၊ ကျောင်းသား အကို၊အမ တို့၏ ၀ိဥာဉ်များပူးကပ်ခံစားကာ ရေးဖွဲ့ခဲ့ ပါကြောင်း။ ဖိနှပ်ချုပ်ချယ်သော စနစ်ဆိုးတို့ကို အစဉ်တော်လှန်ရင်း တိုင်းပြည်နှင့်
ပြည်သူအပေါင်းအား အစဉ်အမြဲ ပျော်ရွှင်လွတ်လပ် စေချင်သော ဆန္ဒတို့ဖြင့် အသက်ခန္ဓာတို့ကို ပေးအပ်ခဲ့ကြသည့် ပုဂ္ဂိုလ်အပေါင်းအား လေးစားတန်ဖိုးထားစွာ ဖြင့် ဦးညွှတ်အလေးပြုပါ၏။


ဒီမိုကရေစီ အရေးတော်ပုံ မုချအောင်ရမည် ။ မုချအောင်ရမည်။
လက်နက် အာဏာဖြင့် ဖိနှိပ်အနိုင်ယူသောစနစ်ဆိုးတို့ လုံးဝရှုံးနိမ့်
ပျောက်ကွယ်စေရမည် ။ ပျောက်ကွယ် စေရမည် ။







Wednesday, 6 August 2008

ပြန်၍ကြည့်စမ်း

၁၉၈၈လွန်မြောက်
အနှစ်(၂၀)ရောက်ပြီ
အတိတ်ဟာ သွေးညှီနံ့တွေဆင့်ဆင့်

မမေ့အပ်တာ သင်၊ငါသိရင်ဖြင့်
(စတိတ်မန့်တွေ ပလူပျံ့ လွင့်မည့်အစား)
စိတ်သန့်စွာ ငါ့လုပ်ရပ်မှန်တွေဖြစ်စေဖို့
ကိုယ့် အရိပ်တွေ ကိုယ်တိုင်(ပြန်)ကြည့် မြင်ကြ။
ကိုယ့် လုပ်ရပ်တွေ ကိုယ်တိုင်(ပြန်)စမ်း စစ်ကြ။
amz(5/08/08)

Friday, 25 July 2008

မြန်မာပြည်အရေးကို ရှေ့တမ်းမှ ကမကထလုပ်ဆောင်နေကြသူများ၊ အဖွဲ့အစည်းအသီးသီးမှ

ပုဂ္ဂိုလ်အပေါင်းများ၊ တသီးပုဂ္ဂလ လှုပ်ရှားနေသူများခင်ဗျား

ပြတ်သားသောရပ်တည်ချက်များထားရှိနိုင်ကြပြီး၊ မိမိတို့ရဲ့ ကျော်ကြားရုံသက်သက်၊အမည်ခံ

ဦးဆောင်သူများ၊အဖွဲ့အစည်းများအဖြစ် ရပ်တည်လှုပ်ရှားနေမှုများကို အချိန်ကာလ

တိုတောင်းစွာဖြင့် အမြန်ဆုံး ဆင်ခြင်ကာ
ပြုပြင်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

ပြည်သူပြည်သားများနှင့် ရင်းနှီးနွေးထွေးစွာတွေ့ဆုံကာ လက်တွေ့ခံစားနေမှုများကို

ရင်တွင်းမှစာနာနားလည်မှုများဖြင့် ပြောဆိုဆက်ဆံလို့ကာ ပြတ်သားရှင်းလင်းသော

ကတိက၀တ်များဖြင့် ဦးဆောင်နိုင်ကြပါစေ။

ကျွန်ူပ်တို့ကိုယ်တိုင်လည်း ပြည်သူပြည်သားတို့ရဲ့ လွတ်ငြိမ်းချမ်းသာခြင်း အစစ်အမှန်ဖြစ်ကုန်သော

ဘ၀တည်ငြိမ်မှု စနစ်ကောင်း စနစ်မှန်ဖြစ်မည့်လမ်းစဉ်ကို ပိုင်ဆိုင်အရယူရင်း ရေရှည်တည်မြဲရန်နှင့်

အစဉ်တိုးတက်ဖွံ့ဖြိုးနိုင်စေဖို့ရန် မတူကွဲပြားသောအရောင်အသွေးတို့၏ ညီညွတ်ခြင်းအင်အားဖြင့်

ဝိုင်းဝန်းထမ်းဆောင်ကြပါစို့။


(8888)၈လေးလုံးအောက်မေ့ဖွယ် အနှစ်နှစ်ဆယ်နှစ်ပတ်လည်ရက်နီးကပ်လာခြင်းနှင့်အတူ ပေးဆပ်ခဲ့သူများနှင့် လက်ရှိပေးဆပ်လျက်ရှိသူတို့အား ထောက်ထားစာနာစိတ်ဖြင့်။

Friday, 18 July 2008

္ဋ္ဌ္ဂ္ကဤဘလောက်ကို စတင်ပြီးပြုလုပ်ခဲ့တဲ့အချိန်(၁၅၊၇၊၂၀၀၇)က ရေးသားခဲ့သော စာကြောင်းလေးတွေဖြစ်ပါတယ်။ ပြန်လည်ဖေါ်ပြရင်း တိုင်းပြည်အတွက် တကယ့်စေတနာကောင်းများဖြင့် အနစ်နာခံ၍ အသက်နှင့် ဘ၀တို့ကိုပေးဆပ်ခဲ့ကြကုန်သော အာဇာနည်အပေါင်းအား ဦးညွှတ်အလေးပြုပါ၏။

စစ်တပ်တွင်တာဝန်များကိုလက်ရှိထမ်းဆောင်နေကြကုန်သော စစ်သည်များအပေါင်းနှင့် မိသားစု အနွယ်ဝင်အပေါင်းသည် အာဇာနည်သူရဲကောင်းများကဲ့သို့ စိတ်ဓါတ်မွေးမြူနိုင်ကြစေကာ အာဇာနည်ခေါင်းဆောင်တို့အား လေးစားတန်ဖိုးထားသော စိတ်အရင်းခံကောင်းတို့ဖြင့် ပြည်သူပြည်သားအပေါင်းနှင့် သွေးစည်းညီညွတ်စွာပေါင်းစည်း၍ မတရားဖိနှိပ်အုပ်စိုးအနိုင်ကျင့်နေသည့် အာ
ဏာရှင်စနစ်ဆိုးနှင့် အဏာရူးစိတ်ဖြင့်ချယ်လှယ် နေသော စစ်ခေါင်းဆောင်အမည်ခံအကြီးအကဲ (သန်းရွှေ၊မောင်အေး) ကတိသစ္စာမဲ့ကာ ကောက်ကျစ်ယုတ်မာနေသူ အပေါင်းအပါများကို ပြတ်သားစွာ ဆန့်ကျင်တော်လှန်ရင်း အာဇာနည်စိတ်ဓါတ်များထွန်းကားပြန့်ပွားနိုင်ပါစေသောဝ်။

ကျေးစွပ် စစ်သား သိစြေ
ငားအံ့

တိုင်းပြည့် ဦးသျှောင် တို့ခေါင်းဆောင် အား
လုပ်ကြံသတ်ဖြတ် (၁၉၄၇ခု) ဇူလိုင် ၁၉ရက်
အာဇာနည်နေ့ ထိုနေ့ရက်ကို

ံဖျောက်ဖျက် ကြံသည့်
ကမ်းကုန်မိုက်လှ (သန်းရွှေ၊ မောင်အေး) စစ်ဗိုလ်တသိုက်(၏)
အာဏာရူးသွပ် ကျေးစွပ် ပြယုဂ် ထိုဂုဏ်ပုဒ်သည်
လယ်ပြင်ဆင်သွား ထင်ပေါ်သည့်ငှါ
အားလုံး ပြည်သူ သိလျှက်ကုန်ကြ သိနေကြ၏။

ယုတ်မာသော ဥာဏ် ၊ သင်တို့ အကြံ သည်
ခုခါ၊ နောင် ရော အရေးမလှ ရှုံးနိမ့် ရခါ
အာဇာနည် သူမြတ်တို့၊ ထားခဲ့ သစ္စာဓါတ် ကြောင့်
သင်တို့ ဘ၀ နိဂုံးမလှ မှာ
အဆုံးသတ် ထိုအရေး
သင်တို့တွေးစေ သိစေအပ်လှ ။ ။

အေးမြဇင်(၁၅၊၇၊၂၀၀၇)