Monday 25 May 2009


မြန်မာနိုင်ငံ မျိုးဆက်သစ်အတွက် သစ္စာဓိဌါန်



တိုင်းပြည်ကိုမပစ် ပြည်သူ၊ပြည်သားကိုချစ်


ပြည်ရွာလွတ်လမ်း အစွမ်းရှိသမျှထမ်း


စွမ်းဆောင်လို့လှမ်း ကြိုးပမ်းလုပ်မည်


ခက်ခဲကြမ်းပစေ လုပ်ဆောင်မည်(မလေ)ဟု


သန္နိဌါန်ပြု ပြုပါလေ၏ ပြုပါ၏။



နွံနစ်ပြည်သူ ဆွဲကူထူမ


ပြုသည့်အကြံ သစ္စာမှန်က


နှောက်ယှက်ရန်မူ ယုတ်မာသူတို့


တူသည့်အကျိုးကံ ကြည့်မှန်အလား


ရောင်ပြန်သွားစေ တွေ့ရပါစေ


သစ္စာကိုပြု ပြုပါလေ၏ ပြုပါ၏။



နွံနစ်ပြည်သူ ဆွဲကူ၊ထူမ


ပြုသည့်အကြံ သစ္စာမှန်က


မသွေဖီလှမ်း လျှောက်လှမ်းနိုင်ရ


ပြည်သူလွတ်လမ်း ပန်းတိုင် လမ်းတိုင်


ရောက်ရှိရစေ ရောက်ရမည်(မလေ)ဟု


သစ္စာကိုပြု ပြုပါလေ၏ ပြုပါ၏။ ။



အေးမြဇင်(၂၄၊၀၅၊၂၀၀၉)





No comments: