Tuesday 11 December 2007

ငါ့သွေးသစ္စာ

*သံကွန်ချာ၊အလွှာအထပ်ထပ်
ရစ်ပတ်ချည်တုပ်၊ ချုပ်နှောင်ထားပါစေ။

္ဂ*နေခုနစ်စင်း၊ ပူပြင်းလောင်မြိုက်
မီးတိုက်သွင်းပါစေ။

*ယက္ခ ငဘီလူး၊ အမှုးပြု၍
စုဝေးရံပတ်၊ စောင့်ကြပ်ကြပါစေ။

ရဲရဲနီတွေး၊ ငါ၏သွေးဖေါက် မိုးထိရောက်စေ
ဖြန့်ဝေခြုံလွှမ်း၊ ပက်ဖျန်းရင်လေ။

သံကွန်ချာတွေ၊ အရည်ပျော်ကျ
နေခုနစ်စင်း၊ ခြေရင်းညွှတ်ခ
ဘီလူးယက္ခ၊ ၀ပ်စင်းကြစေ။ ။ ။

ဇာဂနာ(၁၁၊၁၁၊၁၉၈၈)

No comments: