မြန်မာပြည်အရေးကို ရှေ့တမ်းမှ ကမကထလုပ်ဆောင်နေကြသူများ၊ အဖွဲ့အစည်းအသီးသီးမှ
ပုဂ္ဂိုလ်အပေါင်းများ၊ တသီးပုဂ္ဂလ လှုပ်ရှားနေသူများခင်ဗျား
ပြတ်သားသောရပ်တည်ချက်များထားရှိနိုင်ကြပြီး၊ မိမိတို့ရဲ့ ကျော်ကြားရုံသက်သက်၊အမည်ခံ
ဦးဆောင်သူများ၊အဖွဲ့အစည်းများအဖြစ် ရပ်တည်လှုပ်ရှားနေမှုများကို အချိန်ကာလ
တိုတောင်းစွာဖြင့် အမြန်ဆုံး ဆင်ခြင်ကာ ပြုပြင်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။
ပြည်သူပြည်သားများနှင့် ရင်းနှီးနွေးထွေးစွာတွေ့ဆုံကာ လက်တွေ့ခံစားနေမှုများကို
ရင်တွင်းမှစာနာနားလည်မှုများဖြင့် ပြောဆိုဆက်ဆံလို့ကာ ပြတ်သားရှင်းလင်းသော
ကတိက၀တ်များဖြင့် ဦးဆောင်နိုင်ကြပါစေ။
ကျွန်ူပ်တို့ကိုယ်တိုင်လည်း ပြည်သူပြည်သားတို့ရဲ့ လွတ်ငြိမ်းချမ်းသာခြင်း အစစ်အမှန်ဖြစ်ကုန်သော
ဘ၀တည်ငြိမ်မှု စနစ်ကောင်း စနစ်မှန်ဖြစ်မည့်လမ်းစဉ်ကို ပိုင်ဆိုင်အရယူရင်း ရေရှည်တည်မြဲရန်နှင့်
အစဉ်တိုးတက်ဖွံ့ဖြိုးနိုင်စေဖို့ရန် မတူကွဲပြားသောအရောင်အသွေးတို့၏ ညီညွတ်ခြင်းအင်အားဖြင့်
ဝိုင်းဝန်းထမ်းဆောင်ကြပါစို့။
(8888)၈လေးလုံးအောက်မေ့ဖွယ် အနှစ်နှစ်ဆယ်နှစ်ပတ်လည်ရက်နီးကပ်လာခြင်းနှင့်အတူ ပေးဆပ်ခဲ့သူများနှင့် လက်ရှိပေးဆပ်လျက်ရှိသူတို့အား ထောက်ထားစာနာစိတ်ဖြင့်။
Friday, 25 July 2008
Posted by
Zin+Aye's peaceful square
at
16:34
Subscribe to:
Post Comments (Atom)
No comments:
Post a Comment