၁၉၆၂ ခု ဇူလိုင်လ ၇ ရက်၊၈ ရက် အား တွေးမြင်ခံစားခြင်း
တက္ကသီလာ ပညာသင်ကြား
ငါတို့နောင်ဘွား ကျောင်းသူ၊ ကျောင်းသား
တက္ကသိုလ်အခွင့်အရေး(အိပ်ဆောင်အခွင့်အရေး) ပျောင်းပြင်ပေးရန်
ငြိမ်းချမ်းအသွင် ဖေါ်ဆောင်လှုပ်ရှား
တောင်းဆိုစုရုံး ညီညွတ်ကြပုံ
၁၉၆၂ ဇူလိုင်လ ပထမပါတ် လှုပ်ရှားမှု
ဖြစ်ပျက်အသွင်
တွေးကြည့်မြင်ကြည့် မြင်ကြည့်ကြစို့။
မိမိတို့အရေးတခုအတွက် မဟုတ်ပေမို့
တက္ကသိုလ်သမဂ္ဂ အားမာန်ထက်လျှံစွာဖြင့်
ကျောင်းသားတို့သွေး အသက်စတေးရန် ၀န်မလေး
စစ်အဏာရှင်စနစ်ဆိုးကို အမြစ် မပျိုးမိလေအောင်
မီးမောင်းထိုးညွှန်ပြ ဦးဆောင်ကာ တောင်းဆိုတိုက်ပွဲ
ရန်ကုန်တက္ကသိုလ်သမဂ္ဂ အဆောက်ဦးထဲ
တက္ကသိုလ်ကျောင်းဝင်းထဲမှ လှုပ်ရှားခဲ့ပုံ
၁၉၆၂ ဇူလိုင် ပထမပါတ်
ဖြစ်ပျက်အသွင်
တွေးကြည့်မြင်ကြည့် မြင်ကြည့်ကြစို့။
ကျောင်းခန်းအထက် သင်ပုန်းနက်လဲ သွေးတွေပေကျံထင်ကျန်ရစ်လျက်
ကျောင်းနံရံထက် အင်္ဂထေပြင် သေနတ်ကျည်ရာ ထင်ကျန်ရစ်ပြီး
တက္ကသိုလ် ကျောင်းဝင်းတခွင် ယမ်းနံ့ မွှန်စွဲ
စင်္ကြံလမ်းထက် လဲကျခန္ဓာ သွေးပွက်အိုင်ထွန်း
ကံ့ကော်တန်းလမ်း သွေးကွက်လွှမ်းခဲ့
၁၉၆၂ ဇူလိုင် ၇ ရက်
ဖြစ်ပျက်အသွင်
တွေးကြည့်မြင်ကြည့် ခံစားကြည့်စို့။
ဗြိတိသျှ၏ တက္ကသိုလ်အက်ဥပဒေကို
အမျိုးသားရေးတရပ် တာဝန်ဖြင့်ဖီဆန်
ကိုလိုနီတိုက်ပွဲ၊ နယ်ချဲ့ ဖက်ဆစ်ရန် တွန်းလှန်တိုက်ပွဲ တွေထဲစီးဝင်
ကျောင်းသားထု ညီညွတ်ရေး ပင်မရေစီးချောင်း မြစ်မကြီးတဖြစ်လဲ
တက္ကသိုလ်သမဂ္ဂ အဆောက်အအုံကြီးကို ဖေါက်ခွဲဖျက်ဆီးခံရတဲ့နေ့
၁၉၆၂ ဇူလိုင် ၈ရက် နံနက်ဦးပိုင်းချိန်
ဖြစ်ပျက်အသွင်
တွေးကြည့်မြင်ကြည့် ခံစားကြည့်စို့။
အေးမြဇင်(၇၊၇၊၂၀၀၉)
Tuesday, 7 July 2009
Posted by
Zin+Aye's peaceful square
at
06:00
Subscribe to:
Post Comments (Atom)
No comments:
Post a Comment