တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်တိုက်ပွဲဝင်ခြင်းကို ၀ိုင်းဝန်းပံ့ပိုးကာ၊ ပူးပေါင်းပါဝင်ကြပါစို့။
မေတ္တာစွမ်းအင်တို့ဖြင့် ထုံမွှမ်းလျက်ရှိသည့် ဗုဒ္ဓ၏ ဓမ္မစက်ကို သွေးတို့ဖြင့်စွန်းထင်းပေကြံစေအောင် စစ်အာဏာရှင်စနစ်ဆိုးတခုက ပြုလုပ်နေလျက်ရှိခဲ့ပုံ၊ ရှိနေပုံကို ကျွန်ူပ်တို့အားလုံး မျက်ဝါးထင်ထင် တွေ့မြင်ခံစားနေကြရပြီး ဖြစ်ပေသည်။
ရင်တွင်းစိတ်အာရုံတွင် စစ်အာဏာရှင်စနစ်ဆိုး၊ စနစ်ယုတ် ကြောင့် သွေးမြေကြနေရမှုများ နှင့် တရားမှုဥပဒေများ လုံးဝစိတ်သုဉ်းကာ မတရားနှိပ်စက် အနိုင်ကျင့်ခံနေရမှုများကို ၀ိုင်းဝန်းတိုက်ထုတ်သွားကြမည်ဟု ရည်ရွယ်ချက် ပြင်းပြစွာဖြင့် ကျွန်ူပ်တို့အားလုံး လက်တွဲညီညာစွာလုပ်ဆောင်ကြကာ၊ သံဃာတော်အရှင်သူမြတ်တို့မှ စစ်အာဏာရှင်လူတစုနှင့် အာဏာရှင်စနစ်ကို အဓိကအထောက်အကူပြုနေသည့် လူများကို အရေးယူဆောင်ရွက်မည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်တိုက်ပွဲဝင်ရန် ထုတ်ပြန်ကြေငြာထားသည့် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ကို ကျွန်ူပ်တို့အနေဖြင့် အပြည့်အ၀အားပေးထောက်ခံကာ စစ်အာဏာရှင်စနစ်ဆိုးနှင့် အာဏာရှင်အနွယ်အပွါးတို့ကို လုံးဝပပျောက်ကင်းစင်သည်အထိ ပူးပေါင်းပါဝင်လုပ်ဆောင်သွားကြပါမည်ဟု သန္နိဌါန်ပြုလိုက်ပါသည်။
သာသနာ့အာဇာနည်အပေါင်းနှင့် ပြည်သူ့အာဇာနည်အပေါင်းအား နှလုံးသည်းပွတ်ထဲမှနေ၍ ဦးညွတ်အလေးပြုရင်း။
Saturday, 3 October 2009
Posted by
Zin+Aye's peaceful square
at
08:21
Subscribe to:
Post Comments (Atom)
No comments:
Post a Comment