Thursday 26 July 2007

၈ရက် ၈လ (၈၈၈၈) ဒီနေ့မြတ်



့်မိုးသားအချို့ ကောင်းကင်မှာဝဲလို့တက်လွင့့််
၈ရက် ၈လ ၁၉၈၈ခုနှစ်
သြဂုတ်လရဲ့ တနင်္လာနေ့်
မြန်မာ့သမိုင်းစဉ်အတွက် ဒီမိုကရေစီ လှိုင်းထုက
အာဏာယစ်မူးနေတဲ့ တပါတီစနစ်ဆိုးတခုကို
အံတုလို့ကာ ရိုက်ချိုး၍ တောထုတ် ၊
သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်ဖို့ မဟုတ်ဆိုတဲ့
လူ့ဘီလူး တအုပ်ကို မောင်းထုတ် ၊
လူထုအားရဲ့ အကြီးမားဆုံး လှိုင်းသဏ္ဌာန်
လက်နက်မဲ့ ဆန္ဒဖော်ထုတ်ခဲ့တဲ့
စံပြုထိုက်တဲ့ ရှစ်လေးလုံး သမိုင်းလေ ။

အားလုံးသောပြည်သူအတွက်ဆိုတဲ့စိတ်နဲ့

ခွပ်ဒေါင်းပျို တို့က တောင်းဆိုကာ
စနစ်ဆိုးပြောင်းဖို့ရန်သာ ရင်ထဲစွဲအပ်
လက်နက်မဲ့ ချီတက်ခဲ့တဲ့
၈ရက် ၈လ ဒီနေ့မြတ်လေ ။

သမိုင်းအစဉ်တလျှောက်မှာ နှိုင်းယှဉ်လို့ မရလောက်တဲ့
ငါတို့ ခွပ်ဒေါင်း အလံတော် သွေးသစ်လောင်းလို့ ဖော်ဆောင်
မတော် မကောင်းတဲ့ စနစ်ဆိုးဟူသမျှ ဖော်၍ထုတ်
ဒေါင်းအနွယ်တို့က တပ်ဦးမှ တိုက်ထုတ် အောင်နိုင်ခဲ့တဲ့
၈ရက် ၈လ ဒီနေ့မြတ်လေ ။ ။


အေးမြဇင်


ကိုယ့်တိုင်းပြည်အတွက် အသက်ကိုပေးရတယ်ဆိုတာ အင်မတန်မှ ကြည်နူးစရာကောင်းတယ်။ အင်မတန်မှသင့်တော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်း လူတိုင်းဟာ မိမိတို့ရဲ့ တိုင်းပြည်ကို အားလုံးထက် ပိုပြီးတော့ ချစ်ရမယ် ။ မိမိရဲ့ မိဘများထက်လဲ ပိုပြီးချစ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတိုင်းပြည်က ဒီမိသားစု၊ ဒီမိဘအားလုံးကို မွေးထုတ်လိုက်တဲ့ တိုင်းပြည်ပဲ။ အားလုံးရဲ့ ကျေးဇူးရှင်ပဲ ဖြစ်တယ်။ ပြည်သူလူထု အားလုံးရဲ့ ကျေးဇူးရှင် ဖြစ်တဲ့ နိုင်ငံကို အမြဲပဲ အထွတ်အမြတ်ထားရမယ် ။ ဒီနိုင်ငံအတွက်ဆိုရင် ဘာပဲစွန့်ရ၊ စွန့်ရ စွန့်နိုင်တဲ့ သတ္တိရှိရမယ် ။ လူတိုင်းလူတိုင်းအတွက် အစွန့်နိုင်ဆုံး၊ တန်ဘိုး အရှိဆုံးအရာကတော့ မိမိရဲ့ အသက်ပဲ ။ အဲ့ဒီတော့ ကိုယ့်ရဲ့ တန်ဘိုးအရှိဆုံး အသက်ကို စွန့်လွှတ်သွားတဲ့ ဒီမိုကရေစီရဲဘော်တွေကို ထောက်ထားသောအားဖြင့် ကျမတို့ဟာ ဒီမိုကရေစီ အောင်မြင်တဲ့အထိ ချီတက်သွားရမယ် ။

(ဒေါ်အောင်ဆန်းစုကြည်၊၁၅-၁-၁၉၈၉)(လပွတ္တာ၊ဒီချုပ်ရုံး)




No comments: