Tuesday 1 January 2008

နှစ်သစ်ကူးဆန္ဒမွန်

အနောက်တိုင်းပြက္ခဒိန်နှစ်သစ် တခုကိုချဉ်းနှင်းဝင်ရောက်လာခဲ့ပေပြီ။ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လူမျိုးဘာသာပေါင်းစုံက ၂၀၀၈ ခုနှစ်ကို မင်္ဂလာရှိစွာဖြင့် ဖြတ်သန်းသွားနိုင်ကြဖို့ရန် နှစ်ဟောင်း၏နောက်ဆုံးနေ့ရက်ဖြစ်သော ဒီဇင်ဘာ(၃၁)ရက်နေ့ ညသန်းခေါင်ယံ တွင် ပျော်ရွှင်စွာသော၊ စိတ်ချမ်းမြေ့စွာသော နှစ်သစ်တခုဖြစ်ပါစေကြောင်း အစရှိသည့် မင်္ဂလာထောပနာမ ပြုခြင်းတို့ဖြင့် ဟစ်ကြွေးအော်ဟစ် ကခုန်ကြရင်း ကြိုဆိုခဲ့ကြပေသည်။

ကျွန်တော်တို့ရဲ့ နိုင်ငံတကာရောက် မြန်မာပြည်ဖွား အများစုသည်လည်း အထိုအပြုအမူ တို့ကို ပြုကျင့်ခဲ့ကောင်း ပေမည်။ ကျွန်တော်တို့ ပြည်ပရောက်ရှိလျက်ရှိသော မြန်မာများအနေဖြင့် မိမိတို့၏ မွေးဖွားရာအရပ်ဒေသ ကိုသတိရလျက်ရှိကာ ပြည်သူ၊ပြည်သားတို့ခံစားနေကြရသော ဒုက္ခအပေါင်း၊ မတရားဖိနှိပ်ညှင်းဆဲခံနေကြရမှုအပေါင်းမှ လွတ်မြောက်ပါစေကြောင်း ဆုတောင်းမှုများနှင့် အတူ မိမိတို့၏ ကိုယ်စွမ်း၊ဥာဏ်စိတ်စွမ်းအားအပေါင်းဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ပါဝင်နိုင်ကြပါစေရန် နှစ်သစ်ကူး စကားရပ်ဖြင့် ဆန္ဒပြုတိုက်တွန်းအပ်ပါသည်။

မြန်မာပြည်တွင်းတွင် နေထိုင်ကြကုန်သော ရဟန်းသံဃာ သီလရှင်၊ မိဘ ဆရာ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူ ပြည်သား အပေါင်း တို့ မတရားအနိုင့်အထက်ပြုကျင့်ခံနေကြရခြင်းဘေးနှင့် အခြားအခြားသော ကပ်ဘေးဆိုးအပေါင်းမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း ပို့သပါ၏။

လွတ်လပ်ပျော်ရွှင်၍ စစ်မှန်သော မင်္ဂလာနှစ်သစ်အပေါင်းကို နှစ်နှစ်ကာကာစိတ်တို့ရှိစွာဖြင့် ကြိုဆိုနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါ၏။

No comments: