Friday 4 April 2008

သတိရပါလေ ငါနှင့်မိတ်ဆွေ


ကိုယ်ပိုင်ကားစီး၊ နှစ်ထပ်ဘတ်စ်ကားစီး

ခရီးလမ်း ချောမွေ့စွာ သွားလာနိုင်ချိန်(မှာ)

မိမိတို့၏ မြန်မာ့မြေပေါ် ရှိ (သော)

ပြည်သူ့ လူတန်းစားအလွှာများ၏

မွန်းကျပ်ပြည့်သိပ်စွာ ကားတိုးစီးနေကြရပုံ၊

ခြေကျင်ခရီးလမ်း မောပမ်းစွာ လျှောက်လှမ်းနေကြရပုံ၊

အခက်အခဲ အစုံစုံကို တွေးမြင်ယောင် သတိရပါ ..။


ကြက်ကြော်ကိုလွေး၊ ပေါင်မုန့်ချီ့စ်ညှပ်စား

ဝမ်းခေါင်းပြည့်အောင် စားသောက်နိုင်ချိန်(မှာ)

မိမိတို့၏ မြန်မာ့မြေပေါ် ရှိ (သော)

ပြည်သူ့ လူတန်းစားအလွှာများ၏

ထမင်းတလုပ်အတွက် ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်နေကြရပုံ၊

ဝမ်းခေါင်းခဏငြိမ်ဖို့ ထမင်းရေတခွက် မြိုချနေကြရပုံ၊

အခက်အခဲ အစုံစုံကို တွေးမြင်ယောင် သတိရပါ ..။


နိုင်ငံရေး ခိုလှုံခွင့်၊ နေထိုင်ခွင့် အခွင့်အရေးတွေခံစား

လွတ်လပ်စွာ အခြေချ နေထိုင်နိုင်ချိန်(မှာ)

မိမိတို့၏ မြန်မာ့မြေပေါ် ရှိ(သော)

ပြည်သူ့ လူတန်းစားအလွှာများ၏

ခိုကိုးရာ အိမ်ယာမဲ့ ဘ၀အခြေပျက်နေကြရပုံ၊

ဥပဒေမဲ့ နိုင့်ထက်ပြုကျင့်ခံရ အနှိပ်စက်ခံနေကြရပုံ၊

အခက်အခဲ အထွေထွေကို တွေးမြင်ယောင် သတိရပါ .။

AMZ


No comments: