္ဋ္ဌ္ဂ္ကဤဘလောက်ကို စတင်ပြီးပြုလုပ်ခဲ့တဲ့အချိန်(၁၅၊၇၊၂၀၀၇)က ရေးသားခဲ့သော စာကြောင်းလေးတွေဖြစ်ပါတယ်။ ပြန်လည်ဖေါ်ပြရင်း တိုင်းပြည်အတွက် တကယ့်စေတနာကောင်းများဖြင့် အနစ်နာခံ၍ အသက်နှင့် ဘ၀တို့ကိုပေးဆပ်ခဲ့ကြကုန်သော အာဇာနည်အပေါင်းအား ဦးညွှတ်အလေးပြုပါ၏။
စစ်တပ်တွင်တာဝန်များကိုလက်ရှိထမ်းဆောင်နေကြကုန်သော စစ်သည်များအပေါင်းနှင့် မိသားစု အနွယ်ဝင်အပေါင်းသည် အာဇာနည်သူရဲကောင်းများကဲ့သို့ စိတ်ဓါတ်မွေးမြူနိုင်ကြစေကာ အာဇာနည်ခေါင်းဆောင်တို့အား လေးစားတန်ဖိုးထားသော စိတ်အရင်းခံကောင်းတို့ဖြင့် ပြည်သူပြည်သားအပေါင်းနှင့် သွေးစည်းညီညွတ်စွာပေါင်းစည်း၍ မတရားဖိနှိပ်အုပ်စိုးအနိုင်ကျင့်နေသည့် အာဏာရှင်စနစ်ဆိုးနှင့် အဏာရူးစိတ်ဖြင့်ချယ်လှယ် နေသော စစ်ခေါင်းဆောင်အမည်ခံအကြီးအကဲ (သန်းရွှေ၊မောင်အေး) ကတိသစ္စာမဲ့ကာ ကောက်ကျစ်ယုတ်မာနေသူ အပေါင်းအပါများကို ပြတ်သားစွာ ဆန့်ကျင်တော်လှန်ရင်း အာဇာနည်စိတ်ဓါတ်များထွန်းကားပြန့်ပွားနိုင်ပါစေသောဝ်။
ကျေးစွပ် စစ်သား သိစေငြားအံ့
တိုင်းပြည့် ဦးသျှောင် တို့ခေါင်းဆောင် အား
လုပ်ကြံသတ်ဖြတ် (၁၉၄၇ခု) ဇူလိုင် ၁၉ရက်
အာဇာနည်နေ့ ထိုနေ့ရက်ကို
ံဖျောက်ဖျက် ကြံသည့်
ကမ်းကုန်မိုက်လှ (သန်းရွှေ၊ မောင်အေး) စစ်ဗိုလ်တသိုက်(၏)
အာဏာရူးသွပ် ကျေးစွပ် ပြယုဂ် ထိုဂုဏ်ပုဒ်သည်
လယ်ပြင်ဆင်သွား ထင်ပေါ်သည့်ငှါ
အားလုံး ပြည်သူ သိလျှက်ကုန်ကြ သိနေကြ၏။
ယုတ်မာသော ဥာဏ် ၊ သင်တို့ အကြံ သည်
ခုခါ၊ နောင် ရော အရေးမလှ ရှုံးနိမ့် ရခါ
အာဇာနည် သူမြတ်တို့၊ ထားခဲ့ သစ္စာဓါတ် ကြောင့်
သင်တို့ ဘ၀ နိဂုံးမလှ မှာ
အဆုံးသတ် ထိုအရေး
သင်တို့တွေးစေ သိစေအပ်လှ ။ ။
အေးမြဇင်(၁၅၊၇၊၂၀၀၇)
Friday, 18 July 2008
Posted by
Zin+Aye's peaceful square
at
00:43
Subscribe to:
Post Comments (Atom)
No comments:
Post a Comment