Thursday 3 February 2011

”ဇန်န၀ါရီ မွေးနေ့ရှင် အဖေနဲ့ဖေဖော်ဝါရီ မွေးနေ့ရှင် အမေအတွက် ”





ဖြူစင်တဲ့ မေတ္တာအောက် ကြီးပြင်းလို့ ....

ကြီးသူကို ၇ိုသေ...
ငယ်သူကို ညှာတာ...
ရွယ်တူကို လေးစားတတ်အောင်.....
ပဲ့ ပြင်ဆုံးမ...
မေတ္တာ၇ိပ်အောက် ၇ှင်သန်ခွင့်၇ခဲ့လို့ ...
ကျေးဇူးပါ...ဖေနဲ့ မေ... ။
လမ်းမှန်ကိုလျှောက်..
လမ်းမှားမေ၇ာက်အောင်....
စကားနဲ့ ပဲ့ပြင်....ဘာသာေ၇းနဲ့ ထိန်းကျောင်း...
စာအုပ်စာပေတွေက...သမီးတို့ ၇ဲ့ ...ငယ်ကတည်းက...
မိတ်ဆွေဖြစ်ခဲ့တယ်...ဖေနဲ့ မေ...။
ကျိကျိတက် မချမ်းသာပေမယ့်...
လူတန်းစေ့နေနိုင်လို့ ...
စစ်မှန်တဲ့ ချစ်ခြင်း...မိသားစုရဲ့ အေးမြတဲ့ အ၇ိပ်နဲ့ ...
သမီးတို့ နွေးထွေးခဲ့၇တယ်...ဖေနဲ့ မေ... ။
မနက်ေ၇ာင်နီနဲ့ အတူ...
ဖေမေတို့ ၇ဲ့ မေတ္တာပို့ သံ...
တ၇ားထိုင်ဟန်တွေနဲ့ ... မနက်ခင်းတိုင်း...
မင်္ဂလာ၇ှိစွာ...နိုးထခွင့်၇ခဲ့ တယ်...ဖေနဲ့ မေ... ။
တခါ..တခါ...တဇွတ်ထိုးတတ်ပြီး...
ခေါင်းမာတတ်တဲ့..သမီးနဲ့ ...
မတိုက်ဆိုင်တာလေးတွေ၇ှိ....
ဖေနဲ့သမီး...သဘောထားလွဲခဲ့ ၇င်...
ဘေးနားက ၇ှိပေး...
မေ့ ကို..သမီးကျေးဇူးတင်တယ်မေ.... ။
မျက်နှာထားတည်လို့ ...စကားမပြောဘဲ နေတဲ့ ဖေ့ ကို...
ပြုံး၇ယ်အောင်လုပ်...သမီးတို့ ..ဒီလိုပဲ...ငြိမ်းချမ်းေ၇းယူခဲ့တယ်နော်..ဖေ.. ။
အစ်ကိုတွေကြား...ဆိုးနွဲ့ လွန်းလို့ ...
အမျိုးတွေကြား...အထွေးဆုံးဖြစ်ခဲ့တော့...
ခုထိ ကလေးလို မြင်...စိတ်မချလွန်းတဲ့ ...ဖေနဲ့ မေ...။
ဖေ..မေ ..တို့ ပေး..
ဘာသာေ၇းသိစိတ်နဲ့ ...
မှန်မှားပိုင်းခြား...ဝေဖန်နိုင်စွမ်း...
သမီးမှာ ၇ှိပါတယ်ဖေနဲ့ မေ... ။
ေ၇ှာင်လွှဲမ၇..သတ္တ၀ါတိုင်းရဲ့ ... ဓမ္မတာ...
မွေးပြီး၇င်..သေ...နောက်ဆုံး...ဒီခ၇ီး...
မလွဲမသွေ...အားလုံးလျှောက်လှမ်း၇မယ်..
ဖေ နဲ့ မေ.... ။
သို့ ပင်ငြားလည်း...
မသွားခင်စပ်ကြား....သက်၇ှိထင်၇ှား...
ဖေနဲ့ မေအား... တတ်စွမ်းသေ၇ွ့ ...
ကျေးဇူးဆပ်ခွင့်၇ှိချင်တယ်...ဖေနဲ့ မေ.... ။

(ဖေဖေနဲ့ မေမေ မွေးနေ့ အား ဂါ၇၀ပြုလျက် အမှတ်တ၇ေ၇းစပ်သောကဗျာ.......။
ဖေနဲ့ မေ...တ၇ားထူးတ၇ားမြတ်များ ကျင့်ကြံပွားများအားထုတ်ေ၇ွ့ ..သံသ၇ာမှကူးမြောက်နိုင်ပါစေ။)

ချစ်သမီး ထူး
2.2.2011 (Wed) 11:00 pm


ကျေးဇူးပါ ချစ်ညီမလေး ထူးထူး။
အဖေနဲ့အမေ တို့အတွက် ရင်ထဲကပွင့်အံထွက်လာတဲ့ ဖြူစင်ရှင်းသန့်သော စာသားများနှင့်အတူ မိဘကျေးဇူးကို အထူးသိတတ်သော သားသမီးကောင်းတို့၏ ကြန်အင်လက္ခဏာအပေါင်း အစဉ်ကိန်းအောင်းသွားနိုင်ပါစေေဿာ်ဝ်၊

No comments: