Thursday 22 May 2008

ကမ္ဘာ့နိုင်ငံသားတွေရဲ့ ကမ္ဘာမကြေဘူးဆိုသံ

ကမ္ဘာမကြေဘူး သီချင်း
ငါတို့ဆိုညီး လာတာနှစ်ပေါင်းကြာခဲ့ပေါ့ ။

မြန်မာပြည်ကစစ်အာဏာရှင် စရိုက်
ထင်ရှားစွာ တွေ့မြင်လိုက်ရပြီတဲ့
ကမ္ဘာ့ပြည်သူတွေ ကျယ်လောင်စွာ ပြောကြနေရဲ့ ။

စက်တင်ဘာ အဖြစ်အပျက် ပူနွေးလျက်သာရှိချိန်
မေလဦးစအချိန် နာဂစ်မုန်တိုင်းကြီးက ၀င်ရောက်
မြန်မာပြည်တောင်ပိုင်းတလျောက်လုံးကိုတဲ့မွှေနှောက်
အသေအပျောက် စာရင်းတောင် ကောက်မနိုင်အောင်များပြား
လူတသိန်းကျော် အထက်ရှိမလိမ့်ခန့်မှန်းခြေတဲ့လေ ....
အိုးအိမ်မဲ့ပြည်သူအရေအတွက်စာရင်း
တသန်းခွဲကျော်အထက်မှာရှိနိုင်သတဲ့ ခန့်မှန်းချက်တဲ့လေ ။

ဒုက္ခအကြီးအကျယ်ရောက် ထိုပြည်သူ ပြည်သား
အကူအညီတွေစောင့်စားလို့ မျှော်လင့်ကာနေ
စစ်အာဏာရှင်က ကူညီထောက်ပံ့ရန်ပင်ဝေးစွ
တပါးတိုင်းနိုင်ငံ အကူအထောက်အပံ့ကိုပိတ်ပင်
စစ်အာဏာရှင်သဘောယုတ်မာတဲ့ အဆင်း
ကွက်ကွက်ကွင်းကွင်း ထင်မြင်ကြရပြီလေ ။

အာဏာရှင်လူရမ်းကား တသိုက်က
ငါမာရင်ပြီးရော လူ့အသိစိတ် ခေါင်းပါးနေပုံ(များ)
မုန်တိုင်းဒဏ်ရ ဒုက္ခသည်တွေကို မငဲ့ကွက်
ဖြစ်ချင်ရာသာဖြစ် အာဏာနဲ့သာ မူးယစ်လေမတဲ့လေ ။

ကမ္ဘာ့နိုင်ငံသားတွေ ကြားမြင်ရတဲ့ ထိုအဖြစ်ဆိုး
ငါတို့ကမ္ဘာ မှာရှိနေရိုးအမှန်ဟုတ်ပ
မယုံနိုင်လောက်အောင်ဆိုးရွားတဲ့ အမည်ခံအစိုးရမျိုး
ကိုယ့်ပြည်သူရဲ့ ဘေးဒုက္ခဆိုးကို လျစ်လျှု]ရှုကာ နေနိုင်တဲ့အစိုးရ
ငါတို့ရဲ့ဒီတသက် မျက်မြင်တွေ့ရပြီဟေ့တဲ့
စုတ်သပ်လို့ကာ ခေါင်းခါယမ်း ယုံနိုင်စွမ်းရယ် မရှိဘူးတဲ့လေ။

ကမ္ဘာ့နိုင်ငံဖွားတွေတောင်
ကမ္ဘာမကြေဘူးသီချင်းကို ဆိုညီးလို့တတ်(နေပြီ)
စစ်အာဏာရှင်စနစ်ဆိုး တို့ကမ္ဘာမြေပြင်ပေါ်ကမောင်းထုတ်ကြ
လက်သီးဆုပ်တွေ ဆန့်ထုတ်လို့ ကြွေးကြော်ပါဝင်ရစ်ကြနေပြီလေ။

amz ၈၊၅၊၂၀၀၈

No comments: