Friday 30 May 2008

၂၀၀၃ခုနှစ် ဒီပဲယင်းလုပ်ကြံမှုကြီးဟာ ၂၀၀၈ မေ ၃၀ရက်နေ့တွင် (၅)နှစ်တာပြည့်မြောက်ခဲ့ပါပြီ။

မတရားအဖိနှိပ်ခံနေကြရခြင်းဒုက္ခအပေါင်းမှ လွတ်မြောက်စေဖို့ရာဆန္ဒအာဿီသတို့ဖြင့်
ပြည်သူတရပ်လုံး စည်းလုံးစွာရဲရင့်မှုရရှိစေရန်နှင့် အမှန်တရားအတွက် ခေါင်းငုံ့မခံဘူးဟူသော တော်လှန်ရေးစိတ်ဓါတ်များပိုမိုဖြစ်ထွန်းများပြားလာစေရန် ဒေါ်အောင်ဆန်းစုကြည်၊ဦးတင်ဦးတို့ ဦးဆောင်ပါဝင်သည့် အဖွဲ့သည် နိုင်ငံအနှံ့အပြားသို့မနားတမ်း ခရီးနှင်လျက်ရှိခဲ့သည်။ အဆိုပါခရီးစဉ်အတွင်းတခုသော မုံရွာမှဘုတလင်သို့သွားသည့်လမ်းခရီး ဒီပဲယင်းကျေးရွာအနီးတွင် ဒေါ်အောင်ဆန်းစုကြည်တို့၏ မော်တော်ယါဉ်တန်းကို နအဖစစ်အာဏာရှင်တို့က ယုတ်မာပက်စက်သောအကြံအစီဖြင့်
အကွက်စေ့စေ့ ကြိုတင်စီမံကာ နိုင်ငံတော်လုပ်ကြံမှုကြီးကို ကျူးလွန်ရင်း လူုအမြောက်အများကို ရိုက်ပုတ် သတ်ဖျက်၍ သက်သေခံ အထောက်အထားများကိုအစဖျောက်ခဲ့ပေသည်။ ကျွန်ုပ်တို့အားလုံးသတိပြုရန်မှာ အာဏာရူးတို့အုပ်စိုးသော ခေတ်အဆက်ဆက်တွင် အသက်ပေါင်းမြောက်များစွာ ပေးဆပ်ခဲ့ရလျက်ရှိနေကြရသည်မှာ ယနေ့ထက်တိုင် ရှိနေပုံကိုပင်ဖြစ်သည်။ သို့ပါသော သတိပြုမိခြင်းများစွာနှင့် အတူ လွတ်လပ်ခြင်း၊ပျော်ရွှင်ခြင်းတို့ဆိတ်သုဉ်းလျက်ရှိသည့် အမိမြေပေါ်တွင် အမှန်တရားထွန်းကားခြင်းနှင့်အတူ အခြေခံမွေးရာပါလူ့အခွင့်အရေးများထွန်းကားပေါ်ပေါက်လာသည့်တိုင်အောင် ၀ိုင်းဝန်းပါဝင်လုပ်ဆောင်ကြရင်း.................................... မလိုလားအပ်သောအတ္တမာနများကိုစွန့်ဖယ်နိုင်ကြရင်း .....................။
ဒီပဲရင်းလုပ်ကြံသတ်ဖြတ်ခံရမှုတွင် အသက်ဆုံးပါးသွားကြရရှာသော အာဇာနည်သူရဲကောင်းအပေါင်းအား ဦးညွှတ်ရင်း ..........
အမှန်တရားပေါ်ထွန်းရေး မြန်မာ့ဒီမိုကရေစီအောင်ပွဲကြီး အနာဂတ်မျိုးဆက်သစ်တို့လက်တွင်းသို့ မလွဲမသေရရှိ၊ရောက်ရှိစေရမည်။

No comments: