Thursday 26 July 2007

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအချို့

ကျွန်ူပ်တို့ မြန်မာပြည်ဖွား အားလုံးအတွက် အထူးပင်သက်ဆိုင်လှသော အကြောင်းအရာများတို့ဖြင့် လွှမ်းမိုးလျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူအပေါင်းသို့ ပြောကြားခဲ့သည့် ၈၈၊၈၉ ခုနှစ် မိန့်ခွန်းအချို့အား ဖေါ်ပြလိုက်ပါကြောင်း နှင့် ဒေါ်စု အပေါ် အမြင်သေးသိမ်သူအချိျု့နှင့် သွေးနထင်ရောက်နေသော နိုင်ငံရေးဂုရုပါဟု သမုတ်၍ ကိုယ်တွေ့မလုပ်ဆောင်ပဲ အခက်အခဲဒုက္ခ တွေကိုလျစ်လျှူ ကာ နိုင်ငံရေးထိုင်ခုံနှင့် ဇါတ်ခုံပေါ် တွင် နေရာဝင်ဦး ချင်နေသောသူအချို့ အမှန်လက်တွေ့ကို ပိုမိုသိရှိ၍ စဉ်းစားနိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါကြောင်း။ အေးမြဇင်
အများပြည်သူလူထု စိတ်ဒုက္ခရောက်နေတဲ့ တိုင်းပြည်မှာ စိတ်ချမ်းသာတဲ့လူဆိုတာ အင်မတန်မှ ရှက်စရာကောင်းတယ် ။ ဒီလောက်တောင်မှ ကိုယ့်ဘေးက လူအများ ဆင်းရဲဒုက္ခရောက်နေလျက်သားနဲ့ ကိုယ်က စိတ်ချမ်းချမ်းသာနဲ့နေနိုင်တယ်ဆိုတာ ကိုယ့်မှာ လူ့နှလုံးသားမရှိလို့ပဲလို့ သတ်မှတ်ရပါမယ် ။ ကိုယ့်တယောက်ထဲ ၊ ကိုယ့်မိသားစု ၊ ကိုယ့်အသိုင်းအ၀ိုင်းပဲ စိတ်ချမ်းသာရင်တော်ပြီလို့ဆိုသူများဟာ လူမဆန်ပါဘူး ။
(ဒေါ်အောင်ဆန်းစုကြည် ၊ ၁၆၊၁၊၈၉)(၀ါးခယ်မ)


ပြည်သူလူထုက စောင့်ကြည့်မယ်လို့ပြောရင် ကျမကမေးချင်ပါတယ် ။ ဘာကိုစောင့်ကြည့်မှာလဲ ။ သူများတွေ လုပ်သွားပြီးတော့ ဒီမိုကရေစီရတဲ့အထိ စောင့်ကြည့်မှာလား။ ကျမတို့စောင့်လို့မဖြစ်ပါဘူး ။ အဲဒီတော့အားလုံး ၀ိုင်းဝန်းပြီးတော့လုပ်ကြပါ။ (ဒေါ်အောင်ဆန်းစုကြည်၊ ၁၅၊၂၊၁၉၈၉) (အောင်ပန်းမြို့ မိန့်ခွန်း)

မန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံမှာ ချမ်းသာနေရတာ အင်မတန် ရှက်ဖို့ကောင်းပါတယ် ။ ကျမတို့ နိုင်ငံသူ၊နိုင်ငံသားတွေဟာ မရှက်သင့်တဲ့နေရာမှာ ရှက်နေကြပါတယ် ။ တောင်သူလယ်သမား ကျေးလက်လူထုက ထမင်းနှစ်နပ်ကို အနိုင်နိုင်စားနေရချိန်မှာ တချို့ က ငါးနပ်ခြောက်နပ်စားနေတာ ရှက်စရာပါ ။ တကယ်အကျင့်စာရိတ္တကောင်းပြီး စိတ်သဘောထားမြင့်မြတ်တဲ့လူများ အနေနဲ့တော့မြန်မာနိုင်ငံမှာ မိမိချမ်းသာဖို့ ကြိုးစားရတာဟာ ရှက်စရာ ဘယ်လောက်ကောင်းမလဲလို့ တွေးထင်ကြမှာပါ ။

(ဒေါ်အောင်ဆန်းစုကြည်၊ ၂၄-၁-၉၈၉)(ဟင်္သာာ၊ဒီချုပ်ရုံး)


အခုတိုက်ပွဲဟာ မြန်မာနိုင်ငံသူ နိုင်ငံသားအချင်းချင်း တိုက်ပွဲသဘောမျိုးဖြစ်လို့ အင်မတန်မှရင်နာစရာကောင်းပါတယ် ။ ဒါပေမဲ့လည်း ဒီမိုကရေစီအတွက် လှုပ်ရှားတယ်ဆိုတာ အမှန်တရားကို အောင်မြင်စေချင်လို့ ၊ အများအကျိုးအတွက် ဖြစ်စေချင်လို့ လှုပ်ရှားတာပဲ ။ ကိုယ်ကျိုးအမြတ်ထွက်ချင်လို့လဲမဟုတ်ဘူး ။
ဘယ်သူ့ကိုမှလည်း မဆုံးရှုံး မနစ်နာစေချင်ဘူး ။ အဲဒီတော့ အမှန်တရားကို အောင်မြင်စေချင်တဲ့ စိတ်စေတနာ သန့်သန့်နဲ့ ကျမတို့အားလုံး ဆက်လုပ်သွားဖို့ လိုပါတယ် ။



No comments: