နောင်ရိုးတိုက်ပွဲမှာ
ဘုရင့်နောင်ဖေါင်ဖျက်လို့
အနိုင်ဘက်ဆီသို့ ဦးတည်
ခိုင်ရင့်စွာ တိုက်ပွဲဆီ...........
နယ်ချဲ့ တိုက်ပွဲမှာ
ဗိုလ်အောင်ဆန်း ရဲရင့်လို့
အနိုင်ဘက်ဆီသို့ ဦးတည်
နေမ၀င်အင်ပါယာကို
တွန်းလှန်၍ အောင်ပွဲဆီ .........
နိုင်ငံအကျိုးအတွက် တိုက်ပွဲမှာ
ဘာသာအမျိုးအတွက် တိုက်ပွဲမှာ
တို့ တိုင်းရင်းသား အားလုံးညီညွတ်လို့
အနိုင်ဘက်ဆီသို့ ဦးတည်
အမျိုးအဆွေ အခြင်းခြင်း ရန်လုပ်နေသူ၊
သံဃာတော် အသက်ကို သတ်ဖြတ်နေသူ၊
ပြည်သူ့ဘ၀ကို ညှင်းပမ်း သုတ်သင်နေသူ၊
အထို မဟာရက်စက်ဝံ့သူတို့ကို
နည်းနိသျှ အစုံဖြင့် တော်လှန်တိုက်ထုတ်
အဆုံးသပ် အောင်ပွဲဆီသို့ လှမ်းချီ(စို့) ။။။။။။။
အေးမြဖင်(၁၊၁၀၊၀၇)
Wednesday, 7 November 2007
တော်လှန်တိုက်ထုတ် အောင်လံကိုင်ဆုပ်
Posted by
Zin+Aye's peaceful square
at
12:12
Subscribe to:
Post Comments (Atom)
No comments:
Post a Comment