Monday 12 November 2007


ပြည့် မိခင်

အမေ .. အိမ်သားအားလုံးအတွက် ဆိုတဲ့ စိတ်နဲ့

သိမ်မွှားလှတဲ့ မကောင်းစိတ် မွေးသူတို့ကို

မေတ္တာစိတ်ဖြင့် ခွင့်လွှတ် နိုင်သော မိခင်။


အမေ ..ယဉ်ကျေးသော လူ့ပတ်ဝန်းကျင် အလွှာမှာ

လူ့ကျင့်ဝတ် ဖောက်ပြား သူတို့ ကို

မှောင့်မှားသော အပြု နောင်တကြိမ် မပြုမိလေအောင်

မေတ္တာအဟုန်ဖြင့် အသိတရား ပေးဝေဖြန့်သော မိခင်။


အမေ ..ပြည်သူ တရပ်လုံးအတွက် ဆိုတဲ့ ခံယူချက်နဲ့

ကောက်ကျစ်ယုတ်မာသော လူတစုကို

ရဲရင့်သောစိတ်ဖြင့် ရင်ဆိုင်ကာ ဦးဆောင်ပြ

မကြောက်တရား ကိုင်ဆွဲလို့ လမ်းပြတဲ့ မိခင်။


အမေ ..မျိုးဆက် အစဉ်တလျှောက် ကောင်းဖို့ ရည်ရွယ်ချက်နဲ့

လွဲမှားနေသော စနစ်ဆိုး တို့ကို ပျက်ပြယ်စေဖို့

ဘ၀တခုလုံး ပေးဆပ်ကာ ရင်ဆိုင်လို့ တိုက်ပွဲဝင်

စေတနာကောင်း အပြည့်ဖြင့် ထမ်းရွက်လို့ပြသော မိခင်။


အမေ ..ကမ္ဘာ့ ပြည်သူ အပေါင်းအား

ငြိမ်းချမ်းရေး လမ်းစဉ်ကောင်းကို မေ့လျှော့ မသွားစေဖို့ရန်

မေတ္တာစွမ်းအား ဆောင်ဖို့ ညွှန်ပြနေသော မိခင်။


၁၉၊၆၊၂၀၀၇ အေးမြဇင်

No comments: