Monday 3 September 2007

ညီလာခံ မြေမြှုပ်ခြင်း


သြော် တိုင်းပြည်အကျိုးအတွက်တဲ့......

လူသတ်ကာ တရားဝင် ခိုးဆိုး
စစ်ဗိုလ်ချုပ်ဆိုတဲ့ လူလိမ်တတွေက
စစ်မှန်တဲ့ အခြေခံ ဥပဒေများပေါ်ဖို့ တဲ့
နှစ်တွေအဖန်ဖန် ကြာအောင်ရေးဆွဲ
အနှစ်သဏ္ဍ်ါန် သဘောကဖြင့်
ပြည်သူ့အာဏာ လုယူဖို့ ရည်ရွယ်။

စစ်ဝတ် အရေခြုံ အာဏာရူးတစုက
ဒီမိုကရေစီ ဆိုတဲ့ အရာဟာဖြင့်
(ပြည်သူနှင့် မတန်သေးသမို့)
နိုင်ငံ့ သာသနာ ပျက်သုဉ်းမှာ စိုးသတဲ့
ဗုဒ္ဓ ဘုန်းတော်ကြီးတွေကိုလျှောက်တင်
နောက်ကွယ်မှာ အကြံကြီးကြီးပြုလို့
ဘာသာ သာသနာ ခုတုံးလုပ်လျက်
ပြည်သူ့အာဏာ ခိုးဖို့ ရည်ရွယ်။

ဒီမှာ ...
လိမ်ချက်မှာ တမူထူးချွန်တဲ့
(စစ်ဘုရင် မင်းတျားကြီး သန်းရွှေ က)
စစ်အာဏာရူးသူ တစ်စုက
ညီလာခံ အနာဟောင်းကိုကုစား
သမားတော်ဟန် ဟန်ပန်လုပ်
တပည့်ကျော် အပေါင်းနဲ့ မန်းမှုတ်
ညီလာခံ ထိုအနာထုပ်။
ဒီမှာ .... သူ့အနာ သူမန်းလို့
ရောင်ရမ်းကာ ပုတ်ဆော်နံ
အဟုတ်ပေါ် ပြီ မဿတီ ထိုအနံ့။

ဟေ့ ..
အာဏာရူးသူတစု
ညီလာခံ အသုဘရှုဖို့
တို့ပြည်သူ စုစည်းကာ
ချီလာပြီ စည်းလုံးသည့်အင်အား။

ဟေ့ ...
အာဏာရှင် လူတစု
ညီလာခံ ထိုအတုကို
အသက်သွင်းရန် မကြိုးစားနဲ့
လူထုတွေ မဟာအင်အားကြောင့်
ကိုယ့်မသာစင် ကိုယ်ဆောက်သလိုပ

ဖြစ်မှာပေ တွေးကာလေထောက်စ။

ဟေ့ .... အာဏာရူးနောက်လိုက်တွေ
ညီလာခံ မြေချချိန်မှ
ဖုတ်ခါကာ ရူးချင်ယောင် မဆောင်လေနဲ့
သမိုင်းတရားခံ စာရင်းမှာ ပါစေ့မကွဲ့။

ဟေ့ ... အာဏာရှင် လူမိုက်
ပြည်သူ့အားအင် အစွမ်းကြောင့်
သင်တို့တတွေ
ဒူးတုန်ကာ ချမ်းနေပြီ ဟုတ်စွ။

ဟေ့... အာဏာရှင် တသိုက်
ပြည်သူ့ အာဏာ အချုပ်အခြာကို
ယုတ်မာဥာဏ် အထပ်ထပ်သုံးလို့
ဆုတ်ကိုင်ကာ မယူတော့ရင်ဖြင့်
တို့ပြည်သူ ကြိုနေတယ်
မေတ္တာ ရင်ခွင် တံခါးဖွင့်လျက်
ဒီဇမ္ဗူတခွင် မှတ်တမ်းတွင်သွားမလိမ့်..
မွေ့ချမ်းစေ ဤမြန်မာ့မြေတလွှား။ ။
ပြစမ်းလေ ဤကမ္ဘာ့ပြည်သူများသို့။ ။

အေအမ်ဇက်(၃ ၉၊ ၂၀၀၇)

No comments: