Thursday 6 September 2007

တိုက်ပွဲရှိခိုက် ရှောင်လွှဲ မလိုက်နဲ့


ဘုရားသားတော်တွေကို မတရားပြုကျင့်

မယုံလောက်စရာ တုန်လှုပ်ဖွယ် ကြားသိ

သာသနာပိုင်ဆရာတော်တို့ ရပ်ကြည့်ကာ နေအုံးမှာလား။

တို့အားလုံး ရပ်ကြည့်ကာ နေအုံး မှာလား။


တရိစ္ဆာန်တမျှ ပြုမူဆက်ဆံ

ကြိုးကွင်းတွေပြစ်လွှား ဖမ်းဆီးပုံအား

တွေးကာလေ မြင်ကြည့်

သာသနာ ရေတိမ်နစ်ပုံ

သာသနာပိုင်ဆရာတော်တို့ ရပ်ကြည့်ကာ နေအုံးမှာလား။

တို့အားလုံး ရပ်ကြည့်ကာနေအုံး မှာလား။


သားသတ်ရုံတမျှ မူကျင့်

ရဟန်းသံဃာတော်မြတ်တို့အား

လမ်းဘေးတနံတလျား တုတ်နှောင်

နှိပ်စက်လို့ ရိုက်နှက်ပုံ

အာရုံထဲတွင် ထင်ကြည့်

သာသနာပိုင်ဆရာတော်တို့ ဘယ်အချိန်အထိ စောင့်ကြည့်ကာ နေအုံးမလဲ။

တို့အားလုံး ဘယ်အချိန်အထိ စောင့်ကြည့်နေအုံး မလဲ။


အများသူငါ ဒုက္ခတွေ့နေ

ငါ့ဆီမလာ မထိခပ်သေး

အမြင်သေးသေးနဲ့ တွေးမြင်

ဘေးချော်ကာ ရှောင်ထွက်

ချောင်ကပ်ကာ နေမယ်အုံးလား။


(အခြားဘာညာ တွေးကာလေမနေနဲ့)

အများသူငါ ဒုက္ခကိုတွေး

ကိုယ်ချင်းစာ ပေးက

ငါ့တပိုင် တာဝန်

တနိုင်ဖြစ်ဖြစ် စတင်

ပါလို့ကာ ၀င်နစ်

စောင့်ကြည့်သည့် ဖြစ်အင်ကိုပယ်

တို့အားလုံး ထိရောက်စွာ ပါဝင်ရစ်ကြ။


မီးဆိုတာ မလောင်ခင်တား

မင်းဘေးရန် မြင်ချိန်မှာ တိုက်ထုတ်

ဝိုင်းလုပ်မှ အောင်မြင်မယ် ထိုဘေးဆိုး

တွေးတွေး၍ တိုးကာပါဝင်

တို့အားလုံး အနာဂါတ်အရေး

အမြဲပင် ရင်အေးစေရန် ထိရောက်စွာ ပါဝင်ရစ်စို့။


ဗုဒ္ဒ၏ အဆုံးအမ မျက်ကွယ်ပြု

သာသနာရဲ့ သားတော်မြတ်အား

အကြမ်းဖက်လို့် သတ်ဖြတ်ဝံ့က

ပြည်သူပြည်သား တို့ တတွေအား

ဘယ်သို့ကာ ဆက်ဆံသွားမလိမ့်

တို့ကိုယ်တိုင် တွေးစိမ့်ရင်ဖြင့်……..

ကဲ.မြန်ပြည်ဖွားတို့ရေ

တိုက်ပွဲရှိခိုက် ရှောင်လွှဲ မလိုက်နဲ့…….

(စီးဆင်းမြစ်ရေ ချိုးလို့ နှစ်ကြိမ် ရသည့်ထုံးအား မရှိငြှားပြီ)။

အေးမြဇင် (၅၊၉၊၂၀၀၇)

လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်ရေး တိုက်ပွဲ အဆုံးသတ်အောင်မြင်နိုင်စေရမည်။

No comments: