Sunday 2 September 2007

အာဏာရှင်ကို ဖြုတ်ချနိုင်ရန် သတိပြု၍ ပါဝင်လုပ်ဆောင်ကြပါစို့်

တချို့က မိမိရဲ့ တဒင်္ဂ သာယာနေမှု အပေါ်(အာဏာဖြင့်ထင်ရာစိုင်းနိုင်ခွင့်)မှာရစ်မူးနေကြသလို၊ မောဟ အမှောင်ဖုံးနေတဲ့ မိဖ၊ဆွေမျိုးတွေကြားထဲမှာ ကြီးပြင်းလာကြပြီး အမိုက်မှောင်ကမ္ဘာထဲမှာသာ တ၀ဲလည်လည် နေချင်သူတွေ ပါ။

တချို့ကြတော့ ယ္ခုအချိန်မှာ မိမိတို့ပိုင်ဆိုင်တဲ့ အထုပ်တွေ ကိုရွှေ့ပြောင်းနေရာချနေတဲ့ သူအချို့လဲရှိနေကြပြီဆိုတာကို ကျွန်တော်တို့ သတိပြုဖို့လိုတယ်။ ထိုသူတွေဟာ စစ်တပ်ယန္နရား ထဲကအထက်အရာရှိ ကြီးပိုင်းကမိသားစု၊ သူတို့နဲ့ ပတ်သက်ဆက်နွယ်လျက်ရှိသော စီးပွားရေးသမားအမည်ခံ အချောင်သမားများဖြစ်ပြီး ထိုသူတွေကို ဖေါ်ထုတ်ကာ၊ စစ်အာဏာရှင်၏ လက်ကိုင်တုတ် ပြည်သူအရေချုံ အရိုးမှုန့် လျှက်နေကြသောသူများကို မျက်ဝါးထင်ထင် တွေ့မြင်ကြားသိ နိုင်စေပြီးကာ ထိုသူတွေရဲ့ လုပ်ရပ်များကို ရပ်နားသွားနိုင်စေရန် ကြိုးပမ်းရမည်ဖြစ်သလို၊ ဒေါက်တိုင်ဝန်ထမ်းများကို ပြည်သူ့ဘက်တော်သား ၀န်ထမ်းအဖြစ် ပြောင်းလဲလာနိုင်စေရန် လမ်းများရှာကြံဖွင့်၍ ထားရှိထားရမည်ဖြစ်ပြီး ယခုကာလတွင် လျှို့ဝှက်ဆက်သွယ်လာပါက နွေးထွေးစွာလက်ခံ၍ကြိုဆိုကာ လုံခြုံသောဆက်သွယ်ရေး နည်းဗျူဟာတို့၏ အကူအညီရယူပြီး သတင်းစီးဆင်းမှု အမြန်ဆုံးနည်းလမ်းဖြင့် ဖြန့်ဝေနိုင်စေပြီး၊ အမည်နာမ လျှို့ဝှက်ရန်လိုအပ်ပါက လျှို့ဝှက်နိုင်သည်။

အခြားတဖက်မှလည်း ဥပဒေမဲ့ အကြမ်းဖက်နေသော အပြုအမူ လုပ်ရပ်များကို မှတ်တမ်းတင်ရယူထားရမည်ဖြစ်သလို၊ လိုရမည်ရ စစ်လက်ကိုင်တုတ်အဖွဲ့မှ ၄င်းတို့၏ကိုယ်ပိုင်မှတ်တမ်းတင်ထားရှိသောအချက်အလက်တို့ကို ရသည့်နည်းလမ်းပေါင်းများစွာဖြင့် မိမိတို့ ပြည်သူ့ဘက်တော်သားများက သိမ်းဆည်းရယူထားရှိပြီး အမြန်ဆုံးဖြန့်ချီမှုကိုလုပ်နိုင်ခြင်းအားဖြင့် UNSC နှင့်နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ၏ ပြင်းထန်သောအရေးယူမှုများကို တဖက်တလမ်းမှအစွမ်းကုန်မြှင့်တင်ကါ ပြည်တွင်းလှုပ်ရှားမှုအရှိန်ကို မြှင့်တင်သွားရင်း အတတ်နိုင်ဆုံး ငြိမ်းချမ်းစွာ အဆုံးသတ် အောင်မြင်မှုရရှိသည်အထိတိုက်ပွဲဝင်သွားကြရန် အထူးပင်စွမ်းဆောင်သွားကြရမည်။

ဘုန်းတော်ကြီး များသည် ဘာသာရေးအဆုံးအမ ပြုလုပ်ခြင်း ကဲ့သို့ဆောင်ရွက်မှုတို့ဖြင့် ပါဝင်ရန် အထူးပင် လိုအပ်လှသည်။အဘယ့်ကြောင့်ဆိုသော် စစ်အာဏာရှင်(အစိုးရ)သည် အောက်လမ်း ယုတ်မာသောနည်းပေါင်းစုံကိုချသုံးနေခြင်းသည် ဘာသာတရားများကိုမျက်ကွယ်ပြုပြီးလုပ်ဆောင်နေခြင်းမှာ ထင်ရှားလှပေသည်။ ဤသို့ ပြည်သူအပေါင်းအား ဒေါသတရားနှင့် တဦးကိုတဦး အညှာအတာ ကင်းမဲ့စွာ နှိပ်စက် အနိုင်ယူတတ်စေသာ ပုံစံတရပ်ကို တရားဝင်ခွင့်ပြုထားပါက၊ အချိန်ကာလ ရှည်ကြာလာပါက နိမ့်ကျသော တရိစ္ဆာန်ဘုံတမျှ အခြေအနေသို့ ရောက်ရှိသွားသည့် နိုင်ငံတနိုင်ငံ ဖြစ်သွားရန်သါရှိသည့် အတွက်ကြောင့်ပင်ဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲ ဧကန်မုချ အောင်မြင်နိုင်စေရမည်။ အောင်ရစေမည်။

No comments: