ဆက်၍လှမ်းမည်
သြော်... သေကြသူတွေ သေကြပေမဲ့
ကြွေကျသူတွေ အဖြစ်
ဖြေမရ သူတို့ ရဲ့ ဖြစ်အင်
တို့တတွေ အစဉ်ဦးညွှတ်ကာဖြင့်
ကြွေသူတွေ မျှော်ရည် ထိုဆန္ဒ
မွန်မြတ်တဲ့ လွတ်လပ်ဖို့အတွေး
သိမ်မွေ့တဲ့ ဒီမိုကရေစီအရေး
ဝန်မလေး ပဲ လက်ဆင့်ကမ်း၍ချီ
လှမ်းဆက်မည် မွန်မြတ်သည့် (ထို)ခရီး။
တို့တတွေ မခိုမကပ် ပါ(၀င်)ရင်ဖြင့်
ရစေ့မယ် ယ္ခုချက်ခြင်း
ှုဤစိတ်မျိုး သွင်းကာပါဝင်
ဘယ်အရှင် နတ်စကားတွေနဲ့
ဘယ်သခင် ကယ်ချိန်ကိုမှ
တွေးမရောင် မျှော်စောင့်ရန်မရှိ
လှမ်းဆက်မည် မွန်မြတ်သည့် (ထို)ခရီး။
တို့တတွေ မလိုလောဘ ဖယ်ကျဉ်
တနွယ်ငင် တို့တွေမျိုးဆက်သစ် အတွက်
လွတ်လပ်စွာ ပျော်နေရစ် ကြစေရန်
စိတ်ဇောသန် ရင်ဆိုင်မည် ဒီအရေး
အဘယ်နေရာ တို့ မရွေး ကာဖြင့်
ဝန်မလေး သောစိတ်တွေ ဦးရွက်
လှမ်းဆက်မည် မွန်မြတ်သည့် (ထို)ခရီး။
အေးမြဇင် (၅၊၈၊၂၀၀၇)
မပြီးဆုံးသေးသော ဒီမိုကရေစီ အရေးတော်ပြုံကီးတွင် အသက်ပေးဆပ်ခဲ့ကြကုန်သော အညတြ ပုဂ္ဂိုလ်အားလုံးအား ဦးညွှတ်ဂုဏ်ပြုရင်း၊
ကြွေကျသွားခဲ့သောသူတို့၏ လိုလားဆန္ဒတို့ကို သတိရမှုနှင့် မိမိကိုယ်တိုင် မမေ့လျှော့သွားစေရန် ရည်ရွယ်ပါ၏။
Sunday, 5 August 2007
Posted by
Zin+Aye's peaceful square
at
15:44
Subscribe to:
Post Comments (Atom)
No comments:
Post a Comment