Monday 20 August 2007

ဂုဏ်ယူလေးစားပါတယ် ၈၈ မျိုးဆက်ကျောင်းသူ၊ကျောင်းသားအပေါင်း ခင်ဗျာ။ ပြည်သူအပေါင်း၏ နိစ္စဓူဝ ဒုက္ခပေါင်းများစွာ ရင်စီး၍ခံစားနေရမှုတို့အား ကိုယ်ချင်းစာနာစိတ်များထားရှိလျက် ရဲရင့်သော သတ္တိနှင့် ခွန်အား တို့ကိုပေးဝေရင်း၊ ပြည်သူအပေါင်း၏ အခြေခံလိုအပ်ချက် များအား မျက်ကွယ်ပြုလျက် လူသားမဆန်သောလုပ်ရပ်နှင့် မကောင်းသော၊အောက်တမ်းကျသော အပြုအမူ တို့ဖြင့် အုပ်ချုပ်သူအစိုးရ အမည်ခံပြီး(မတရားအာဏာ သိမ်းပိုက်ရယူထားသော စစ်ခေါင်းဆောင် တို့အုပ်ချုပ်သည့်) အုပ်စိုးချယ်လှယ်လျက်ရှိသော စနစ်ဆိုးတို့ကို ပျောက်ကွယ် ချုပ်ငြိမ်းသွားသည့်တိုင်အောင် ဦးဆောင်ဦးရွက်ပြုလှုပ်ရှားနေသော ၈၈မျိုးဆက်အကို၊အမများ၏ မွန်မြတ်သော စွမ်းဆောင်မှုများအားလုံး အမြန်ဆုံး ငြိမ်းချမ်းစွာ အောင်မြင်အဆုံးသတ် ရယူနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ပြည်သူအပေါင်းတို့ အားလုံး ငြိမ်းချမ်းစွာလက်တွဲ ပါဝင်ဆန္ဒထုတ်ဖေါ်မှုဖြင့်၊ ပြည်သူတို့အား ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ကာကွယ် ဖြည့်ဆည်းပေးသော စနစ်တို့ဦးစီးသည့် မြန်မာနိုင်ငံတော် ဖြစ်ပေါ်နိုင်စေရမည်၊ ဖြစ်ပေါ်နိုင်စေရမည်။
အမိန့်အာဏာဖြင့် တဖက်သတ် ကြီးစိုးအနိုင်ကျင့်သော စနစ်ဆိုးတို့ လုံးဝချုပ်ငြိမ်းသွားစေရမည်။ လုံးဝပျောက်ကွယ်စေရမည်။
အရေးတော်ပုံ အောင်ရမည်၊ အောင်ရမည်။
အေးမြဇင်

No comments: