Monday 27 August 2007

နှောင်း၍နေပြီမှတ်

လူသားမှန်က

လူသားဆန်လှတဲ့ အပြုအမူ

တို့အများပြည်သူမှာ ရှိမှ

တို့အမျိုးအခြေလှပ တိုးတက်မည်မှတ်။


လူသားမှန်က

လူသားဆန်လှတဲ့ အတွေးအခေါ်

တို့အများပြည်သူမှာ ရှိမှ

တို့အမျိုးအစဉ်အဆက် တိုးတက်မည်မှတ်။


လူသားမှန်က

လူသားဆန်လှတဲ့ အကြံအဆ

တို့အများပြည်သူမှာ ရှိမှ

တို့အမျိုးပြည့်ဝ တိုးတက်မည်မှတ်။


လူသားမဆန်

ယုတ်မာစွာ ပြုမူကြံဆ၊

လူသားမဆန်

မရိုးသားစွာ တွေးခေါ်ကြံဆ၊

ကိုယ်ချင်းရယ် မစာနာပြန်က

သေမင်းရဲ့ ဂယ်ပေါက်ဝ

ရုတ်တရက် ရောက်ရှိချိန်အခိုက်

နောင်တဖွဲ့ မျက်ရည်ခံထိုး

အယူခံတင် လျှောက်လှဲထွက်ဆို

ကျွန်တော့် အလိုက နည်းပါး ပါကြောင်း

ကျွန်တော့် သဘောက ရိုးစင်း ပါကြောင်း

ကျွန်တော့် တမိသားစု ၀မ်းရေး ပါကြောင်း

(အထက်ကခိုင်း၍ လုပ်ခဲ့ရ ပါကြောင်း)

အကြောင်းစုံလင် ပြ၍ တင်လဲ

ထိုချိန်ခါသည် နှောင်း၍နေပြီမှတ်။ ။

အေအမ်ဇက်(၂၃၊ဂ၊၂၀၀၇)

မှတ်ချက်၊ ၊ အာဏာရှင်၏ လက်ကိုင်တုတ်များ နှင့် နိုင်ငံရေးခိုလှုံခွင့် အခွင့်အရေးရယူကာ မိမိ၏အခွင့်အရေးတို့အတွက် အသုံးချလျက်ရှိပြီး ဖြူစင်စွာပေးဆပ်ခဲ့သူ၊ပေးဆပ်နေသူများ၏ ကျေးဇူးတရားကိုမေ့လျော့၍ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ လူသားစိတ်ကင်းမဲ့သောသူများအား အဓိက ရည်ရွယ်ပါကြောင်း။

No comments: