Thursday 16 August 2007

မင်းလုပ်ချင်တာအချို့ လုပ်ဖြစ်ခဲ့ပြီး
မင်းလုပ်ချင်တာတွေ မလုပ်နိုင်သေးချိန်မှာ
ဘ၀ဆိုတာကို နားလည်ပါ။

မင်းလုပ်နိုင်တာတွေ လုပ်ခဲ့ပြီး
အကောင်းအဆိုး တို့ကို တွေးမြင်သုံးသပ်လို့
မင်းရဲ့ မွန်မြတ်သော လုပ်ရပ်တို့ကို ပီတိဖြစ်ကာ
ကျေနပ်စွာ ကြည်နူးသောစိတ်ဖြင့်
ဘ၀ ဆိုတာကို ရင်ဆိုင်တိုးဖြတ်ရင်း
ဆက်လက်ရှင်သန် အသက်ရှင်ပါ။

အေးမြဇင်(၂၉၊၀၄၊၀၇)

No comments: